International Celebrity: မိခင်ဆီက ဂုဏ်ပြုအနမ်းရလို့ ကြည်နူးနေတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

ဗစ်တိုးရီးယားရဲ့မျက်နှာမှာ အခုလို ချိုသာလွန်းလှတဲ့ အပြုံးမျိုး မြင်ရခဲပါတယ်။

play

 

ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ မိတ်ကပ်ဘက်ကိုလည်း စတင်ခြေလှမ်းခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်မှာ သူမရဲ့ မိတ်ကပ်သစ်ဖွင့်ပွဲစတင်တဲ့နေ့မှာ မိခင်ဖြစ်သူနဲ့ ကြည်နူးစွာ ပွေ့ဖက်ခဲံပါတယ်။

နယူးယော့ခ်မှာ New York Fashion Week မှာ သူမရဲ့ အဝတ်အစားတွေအတွက် ဖက်ရှင်ရှိုးပြရင်း တစ်ဖက်ကလည်း Estee Lauder နဲ့ ပူးတွဲလုပ်ဆောင်ထားတဲ အလှကုန်သစ်တွေကို မိတ်ဆက်ဖို့အတွက် လန်ဒန်ကို ပြန်လာခဲ့ရတာဖြစ်ပါတယ်။

play

 

ကလေးလေးယောက်မိခင်ဖြစ်ပြီး ဒီဇိုင်နာအလုပ်နဲ့ ရှုပ်နေပေမဲ့ နောက်ထပ် ပန်းတိုင်သစ်တွေ ထပ်ချနေတဲ့ သမီးဖြစ်သူအပေါ် မိခင် ဂျက်ကီအဒမ်စ်ဟာ ဂုဏ်ယူစွာနဲ့ ပါးပြင်ကို အနမ်းပေးခဲ့စဉ်မှာ ဗစ်တိုးရီးယားရဲ့ ရှားပါးလှတဲ့ အပြုံးလေးကိုလည်း မြင်တွေ့ရပါတယ်။

play

 

"Dover Street လန်ဒန်က ကျွန်မရဲ့ဆိုင်ကို ဒီနေ့ လာကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွရဲ့ အားပေးမှုရတာလည်း အရမ်းကို ကျေနပ်ပါတယ်" လို့ သူမက ဆိုရှယ်မီဒယာမှာ ရေးသားပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

Source &  Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ