International Celebrity: အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် ယွန်အွန်ဟေး

လူမြင်ကွင်းကိုလည်း ထွက်မလာခဲ့တာကြာပါပြီ။

play

 

ဒီဇိုင်းကိစ္စနဲ့ အငြင်းပွားမှုဖြစ်ခဲ့ပြီးနောက် အနုပညာအလုပ်တွေ ရပ်နားပြီး တိတ်ဆိတ်နေခဲ့တဲ့ ယွန်အွန်ဟေးဟာ အနုပညာလုပ်ငန်းတွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။ ယခုနှစ်ကုန် သို့မဟုတ် ရှေ့ဆန်းပိုင်းမှာ အွန်ဟေးက ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ကြောင်း သူမရဲ့အေဂျင်စီက ကြေညာလိုက်တာဖြစ်ပါတယ်။

play

 

အွန်ဟေးဟာ ၂၀၁၃ ဒီဇင်ဘာက Marry Him If You Dare ဒရာမာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ နောက်ဆုံးပါပဲ။ အဲ့ဒီနောက်ပိုင်း အနုပညာလုပ်ရှားမှုတွေမရှိသလို လူမြင်ကွင်းကိုလည်း ထွက်မလာခဲ့တာကြာပါပြီ။

play

 

ယမန်နှစ်က တရုတ်ဖက်ရှင်ရှိုးတစ်ခုမှာ ဒီဇိုင်းခိုးချတဲ့ကိစ္စနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ကာ သူမအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ အွန်ဟေးက ပြန်လည်တောင်းပန်ခဲ့ရပြီး ကိုရီးယားအနုပညာလောကကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။

Source : JARMY

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ