International Celebrity: လီဗြောင်ဟွန်းရဲ့ အင်္ဂလိပ်စကားပြောအသံထွက်အပေါ် ဟောလိဝုဒ်မင်းသားတွေရဲ့ပြောစကား

အဲ့ဒီတုန်းက တော်တော်လေးရှက်ခဲ့မိတယ်....

play

 

ဟောလိဝုဒ်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လီဗြောင်ဟွန်းကို အင်္ဂလိပ်စကားပြော အသံထွက်နဲ့ပတ်သက်ပြီး ရုပ်သံအစီအစဉ်တစ်ခုမှာ မေးမြန်းခံခဲ့ရပါတယ်။

play

 

" ကိုရီယားပရိသတ်တွေက ကျွန်တော့်အင်္ဂလိပ်အသံထွက်ပုံက အရမ်းကောင်းတယ်လို့ဝိုင်းပြောတော့ The Magnificent Seven မှာ အတူသရုပ်ဆောင်သူတွေကို မေးခဲ့တယ်။ ကျွန်တော့်အင်္ဂလိပ်စကားပြောက ကောင်းလား အသံဝဲလားလို့ပေါ့၊ အကုန်လုံးက ရယ်မောပြီး ကျွန်တော့်အသံဝဲတယ်လို့ ပြောကြတယ်။ အဲ့ဒီတုန်းက တော်တော်လေးရှက်ခဲ့မိတယ်" လို့ လီဗြောင်ဟွန်းက ပြန်ဖြေခဲ့ပါတယ်။

play

 

လီဗြောင်ဟွန်းဟာ တောင်ကိုရီးယားဒရာမာတွေမှာ နာမည်ရလာရုံသာမက G.I. Joe ၊ RED 2 နဲ့ Terminator Genisys တို့လို ဟောလိဝုဒ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ Magnificent Seven မှာတော့ ဒန်ဇဲလ် ဝါရှင်တန်၊ ခရစ္စပတ်၊ အီသန်ဟော့တို့လို နာမည်ကျော် မင်းသားတွေအနဲ့အပြိုင် ပါဝင်ထားခဲ့ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ