International Celebrity: နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် မင်းသားချော

Joe Jonas ဟာ အရီဇိုးနားမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

play

 

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Jonas Brothers တွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော် မင်းသားချောလေး Joe Jonas ဟာ အရီဇိုးနားမှာမွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကယ်ဗင်ဂျိုးနာ့စ်ရဲ့ညီဖြစ်ကာ နစ်ခ်နဲ့ ဖရန်ကီဂျိုးနာ့စ်တို့ရဲ့ အကိုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဂျိုး၊ နစ်ခ်နဲ့ ကယ်ဗင်တို့ရဲ့ Jonas Brothers အဆိုတော်အဖွဲ့ရဲ့ Please Be Mine သီချင်း အသံသွင်းဖြစ်ခဲ့ပါတယ်။

play

 

 ၂၀၀၆ ခုနှစ်မှာတော့ သူတို့ရဲ့ It's About Time တေးအယ်လ်ဘမ် ထုတ်ဝေဖြန့်ချိခွင့်ရခဲ့ပြီး အောင်မြင်မှုတွေ စတင်ရရှိခဲ့ပါတယ်။ တေးသီချင်းအယ်လ်ဘမ် ၄ ခု ထုတ်ဝေဖြန့်ချိခဲ့တဲ့ Jonas Brothers အဖွဲ့လေးဟာ အောင်မြင်တဲ့ လူငယ်အဆိုတော်အဖွဲ့ဖြစ်ခဲ့ကာ ၂၀၁၁ မှာတော့ သူတို့ညီအစ်ကိုတွေဟာ တစ်ကိုယ်တော် တေးသီချင်းတွေ သီဆိုဖို့အတွက် စတင်အာရုံစိုက်လာခဲ့ပါတယ်။

play

 

Disney ရဲ့ ရုပ်ရှင်ဇာတ်ကားအချို့နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲအချို့မှာလည်း ဂျိုးအပါအဝင် သူတို့ညီအစ်ကို မကြာခဏ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ကာ အဖွဲ့လိုက်ဆုချီးမြှင့်မှုတွေလည်း ခံခဲ့ရပါသေးတယ်။ ၂၀၁၃လောက်မှာ တရားဝင် အဖွဲ့ကွဲသွားခဲ့တဲ့ Jonas Brothers အဖွဲ့မှာ ဂျိုးဟာ အခုဆိုရင် DNCE ဆိုတဲ့ အဖွဲ့နဲ့အတူ တေးသီချင်းတွေ သီဆိုဖြန့်ချိဖြစ်နေကာ သူတို့ရဲ့ Cake by the Ocean သီချင်းဟာလည်း လူကြိုက်များခဲ့တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။

play

 

မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိပြီ ချစ်ဖို့ကောင်းတဲ့ ဂျိုးဟာ တေလာဆွစ်ဖ်နဲ့ ၂၀၀၈ ခုနှစ်မှာ စတင်ချစ်ကြိုးသွယ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ပြတ်သွားတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ၂၀၁၀ မှာလည်း အဆိုတော်မင်းသမီးချော ဒယ်မီလိုဗာတိုနဲ့ သုံးလကြာ တွဲခဲ့ပါသေးတယ်။ နာမည်ကြီး မော်ဒယ်လေး ဂျီဂျီဟတ်ဒီးနဲ့လည်း ၂၀၁၅ မေလကနေ နိုဝင်ဘာလအထိ တွဲခုတ်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ