International Celebrity: အသည်းကွဲနေတုန်းက တိုနီဘန်းနတ်ဆီဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့တယ်လို့ လေဒီဂါဂါပြော

သူမရဲ့ ဖခင်ရင်းကို သဘောထားပြီး ယုံကြည်ကိုးစားခဲ့တာပါ။

play

 

အဆိုတော်ကြီး တိုနီဘန်းနတ်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ခဲ့စဉ်မှာ လေဒီဂါဂါက သူမအသည်းကွဲနေတုန်းက အခြေအနေကို ပြောပြခဲ့ပါတယ်။ သူမအတွက် စိတ်ပင်ပန်းရတဲ့နေ့မှာ တိုနီဘန်းနတ်တစ်ဦးတည်းဆီကိုသာ ဖုန်းဆက်ပြီးပြောခဲ့တယ်လို့ ဆိုပါတယ်။

play

 

" ဘာလို့လဲဆိုတော့ တစ်ခါတလေမှာ အမေ့ကိုဖုန်းဆက်ပြီး အားလုံးပြောလိုက်လို့က မရဘူးလေ။ အဲ့လိုပြောလိုက်ရင် အမေ စိတ်ရှုပ်သွားမှာပေါ့။ ဒါဆို အဖေ့ဆီဖုန်းဆက်လိုက်၊ သူကစိတ်မကောင်းဖြစ်ပြီး အဲ့ဒီကောင်ကို ဆော်ပလော်တီးချင်သွားလိမ့်မယ်။ ကျွန်မ အသည်းကွဲနေတော့ ဘယ်သူ့ကိုဖုန်းခေါ်တယ်ထင်လဲ.. တိုနီပေါ့။ ကျွန်မ တိုနီ့ဆီ ဖုန်းဆက်တယ်" လို့  သူမက ပြောပါတယ်။

play

 

တိုနီက သူမကို အကြံဉာဏ်ကောင်းတွေပေးခဲ့ပြီး သူမကကြယ်ပွင့်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကသူမကိုချစ်တာကြောင့် ရှေ့တည့်တည့်သာဆက်လျှောက်ဖို့ အကြံပေးခဲ့ကြောင်း သိရပါတယ်။

play

 

တိုနီဘန်းနတ်နဲ့ ဂါဂါတို့ရဲ့ Cheek to Cheek အမ်လ်ဘမ်က ဂရမ်မီဆုရခဲ့ပြီး နှစ်ယောက်သား ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးလည်း ရှိကြပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ