International Celebrity: ဖက်ရှင်ရှိုးတက်ရင်း ကိုယ်တိုင်ထုတ် အတွင်းခံကို ဝတ်ပြပြီး ကြော်ငြာခဲ့တဲ့ အက်ရှလေဂရေဟန်

ကျက်သရေရှိမှုနဲ့ ဆက်စီကျမှုကို ပေါင်းစပ်ထားတဲ့အလှလို့ ပြောရပါမယ်။

play

 

အက်ရှလေဂရေဟမ်ဟာ  Sports Illustrated မဂ္ဂဇင်းရဲ့ ရေကူးဝတ်စုံအထူးထုတ်မှာ ပထမဆုံး အကိတ်မော်ဒယ်အဖြစ် ပါဝင်ခဲ့ပြီးတဲ့နောက် ခန္ဓာကိုယ်ကြီးထွားခြင်းဟာ ရှက်စရာမဟုတ်ဘူးဆိုတာကို ရှေ့ဆောင်လမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ အီလီနွိုက်က Oakbrook Center မှာ သူမရဲ့ Plus-Size အတွင်းခံစုစည်းမှုသစ်ကို အရောင်းမြှင့်တင်ခဲ့ပါတယ်။

play

ဒါ့အပြင် အသက် ၂၈ နှစ်အရွယ် မော်ဒယ်ဟာ New York Fashion Week မှာ အက်ရှဂလေဂရေဟမ်အတွင်းခံများထဲက နောက်ဆုံးပေါ်ဒီဇိုင်းကို ဝတ်ပြရင်း သူမရဲ့အတွင်းခံတွေကို ကြော်ငြာခဲ့ပါသေးတယ်။

play

 

သူမရဲ့အတွင်းခံပေါ်လွင်စေဖို့အတွက် အက်ရှလေက အနက်ရောင် အသည်းပုံသေးသေးလေးတွေပါတဲ့ ဇာအင်္ကျီပါးလေးကို ဝတ်ဆင်ထားခဲ့ပါတယ်။

လည်ပင်းအကပ် ဇာပါးလက်ရှည်လေးကို ခြေသလုံးအလယ်ထိရောက်တဲ့ စကပ်အရှည်နဲ့ တွဲဝတ်ထားတဲ့ အက်ရှလေရဲ့ပုံစံဟာ ကျက်သရေရှိရှိနဲ့ ဆက်စီကျနေခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ