International Celebrity: အလန်းစား အဆိုတော်မလေး ဒမ်မီလိုဗာတို

Skyscraper, Heart Attack, Made in the USA, Neon Lights သီချင်းတွေနဲ့ လူသိများအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

play

 

အလန်းစား အဆိုတော်မလေးတွေထဲမှာ တစ်ယောက်ဖြစ်တဲ့ အမေရိကန်အဆိုတော် မင်းသမီးချောလေး ဒမ်မီလိုဗာတိုဟာ New Mexico မှာ မွေးဖွားခဲ့သူဖြစ်ပြီး တက္ကဆက်မှာ ကြီးပြင်းခဲ့သူပါ။ သူမဟာ ဆယ်လီနာ ဂိုးမက်ဇ်နဲ့အတူ Barney & Friends ကလေးအစီအစဉ်မှာ ပါဝင်ခဲ့ရာကနေ အနုပညာခြေလှမ်းတွေ စတင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဒစ္စနေနဲ့အတူ လက်တွဲဖြစ်ခဲ့တဲ့ လိုဗာတိုဟာ ၂၀၀၈ ခုနှစ်မှာတော့ Camp Rock ရုပ်ရှင်ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။

play

 

 အဲ့ဒီ့နောက်မှာလည်း Princess Protection Program နဲ့ Camp Rock 2 ရုပ်ရှင်ဇာတ်ကားတွေနဲ့အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ လိုဗာတိုဟာ ၂၀၀၈ ခုနှစ်မှာ Don't Forget တေးအယ်လ်ဘမ် ထုတ်ဝေခဲ့ပါတယ်။ ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၃ တွေမှာလည်း လိုဗာတိုရဲ့ တေးအယ်လ်ဘမ်တွေ ဆက်လက် ထွက်ရှိခဲ့ပြီး Skyscraper, Heart Attack, Made in the USA, Neon Lights သီချင်းတွေနဲ့ လူသိများအောင်မြင်ခဲ့ပါတယ်။

play

 

၂၀၁၅ မှာတော့ သူမရဲ့ Confident တေးအယ်လ်ဘမ်ထွက်ရှိခဲ့ရာ သူမဟာ အရင်ဒစ္စနေတုန်းကလို ချစ်စရာကောင်းပြီး ကလေးဆန်တဲ့ ဒီဇိုင်းတွေမဟုတ်တော့ဘဲ ဆွဲဆောင်မှုပြင်းပြီး ဆက်စီကျတဲ့ မိန်းကလေးတစ်ဦး ပုံစံတွေနဲ့အတူ အဲဒီအယ်လ်ဘမ်ထဲက Confident, Cool for the Summer, Stone Cold သီချင်းဗီဒီယိုတွေမှာ တွေ့လာရပါတယ်။ သူမရဲ့ Body Say တေးသီချင်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး သီချင်းကာဗာပုံမှာတော့ ခုတင်ပေါ်မှာ အဝတ်မပါဘဲ ကျောပေးထားတဲ့ လိုဗာတိုကြောင့် ပရိသတ်တွေ အရူးအမူး ဖြစ်သွားရပါတယ်။

play

 

အဆိုတော်မင်းသားချောလေး ဂျိုးဂျိုနာ့စ်နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးတဲ့ လိုဗာတိုဟာ အခုအချိန်မှာတော့ ဂျိုးနဲ့သူငယ်ချင်းတွေအဖြစ် ခင်မင်နေဆဲပဲလို့ ဆိုပါတယ်။ မင်းသားချော ဝေလ်မာ ဗာလ်ဒါရာမာနဲ့တွဲခဲ့သေးတဲ့ သူမဟာ ၂၀၁၆ ဂျွန်လ ၁၃ရက်မှာတော့ တရားဝင်ပြတ်စဲသွားကြောင်း Social Media တွေပေါ်မှာ ရေးသားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ