International Celebrity: စူပါမန်း မင်းသမီးချော အေမီ

များသောအားဖြင့် ဒရာမာနဲ့ ပေါ့ပေါ့ပါးပါး ဟာသဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှသူပါ။

play


လိမ္မော်ညိုရောင် ဆံနွယ်လေးတွေနဲ့ မျက်ဝန်းပြာပိုင်ရှင် အဆိုတော်မင်းသမီးချော Amy Adams က အီတလီမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ညီအစ်ကိုမောင်နှမ ၆ ယောက်ရှိပါတယ်။

play


၁၉၉၅ ခုနှစ်မှာ စတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ သူမဟာ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ လူပုံပြင်ဇာတ်ကားလေး Enchanted နဲ့ ပရိသတ်တွေ အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။ များသောအားဖြင့် ဒရာမာနဲ့ ပေါ့ပေါ့ပါးပါး ဟာသဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှသူပါ။

play


အေမီက တစ်ခါတစ်ရံမှာလည်း အက်ရှင်ဇာတ်ကားအချို့မှာ သရုပ်ဆောင်လေ့ရှိပါတယ်။ Leap Year, The Muppets, American Hustle နဲ့ Big Eyes ဇာတ်ကားတွေနဲ့ လူသိများတဲ့ သူမဟာ DC ရဲ့ Man of Steel စူပါမန်း ရုပ်ရှင်ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


ဒါ့အပြင် Batman v Superman: Dawn of Justice ရုပ်ရှင်ဇာတ်ကားမှာလည်း အေမီ ပါဝင်ထားပါသေးတယ်။ ၂၀၁၆ မှာတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Arrival သိပ္ပံအက်ရှင် ထိတ်လန့်သည်းဖို ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသသွားဖို့ရှိပါတယ်။

၂၀၁၇ မှာ ရုံတင်ပြသမယ့် Justice League ဇာတ်ကားမှာလည်း အေမီကို တွေ့မြင်ရအုံးမှာပါ။ မင်းသား ဒါရန်လယ်ဂယ်လိုနဲ့ ၂၀၀၈ ခုနှစ်မှာ စေ့စပ်တဲ့သူမဟာ ၂၀၁၅ မှာတော့ တရားဝင်လက်ထပ်ဖြစ်ခဲ့ပြီး သူတို့ရဲ့သမီးလေးကိုတော့ စေ့စပ်ပြီး ၂နှစ်အကြာမှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ