International Celebrity: တရုတ်မင်းသမီးငယ် ကွယ်လွန်မှုနဲ့ပတ်သက်ပြီး ကင်ဆာကုထုံးအပေါ် အချေအတင်ဖြစ်

, updated

ကင်ဆာရောဂါကို ကုသရာမှာ ဓာတုကုထုံးအစား အစောပိုင်းမှာ ရိုးရာ တရုတ်တိုင်းရင်းဆေးဖြင့် ကုသမှုခံယူခဲ့ခြင်းအပေါ် တရုတ်အွန်လိုင်းအသုံးပြုသူများကြား အချေအတင် ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။

  play


တရုတ်မင်းသမီးငယ်တစ်ဦး ကင်ဆာကြောင့် ကွယ်လွန်သွားမှုက တရုတ်ဆိုရှယ်မီဒီယာမှာ အချေအတင် ဆွေးနွေးပြောဆိုစရာ ဖြစ်နေကြောင်း သိရပါတယ်။

play


ကွယ်လွန်သွားတဲ့ တရုတ်မင်းသမီးငယ်ဟာ ကင်ဆာရောဂါကို ကုသရာမှာ ဓာတုကုထုံးအစား အစောပိုင်းမှာ ရိုးရာ တရုတ်တိုင်းရင်းဆေးဖြင့် ကုသမှုခံယူခဲ့ခြင်းအပေါ် တရုတ်အွန်လိုင်းအသုံးပြုသူများကြား အချေအတင် ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။

play


Xu Ting အမည်ရှိ အသက် ၂၆ နှစ်အရွယ် တရုတ်မင်းသမီးလေးဟာ ယခုနှစ်အစောပိုင်းမှာ lymphoma ခေါ် ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတဲ့ ကင်ဆာရောဂါ စတင်ခံစားခဲ့ရပါတယ်။ ကင်ဆာရောဂါ ခံစားရတဲ့ တရုတ်မင်းသမီးလေးက သူမရဲ့ သူငယ်ချင်းတွေ ဓာတုကုထုံးကြောင့် ခံစားရမှုနဲ့ ငွေကြေးကုန်ကျမှာကိုလည် စိုးရိမ်တာကြောင့် ဓာတုကုထုံးဖြင့် ကုသခြင်းမပြုခဲ့ပါဘူး။

play


သူမရဲ့ ကင်ဆာရောဂါကို ဓာတုကုထုးဖြင့် ကုသခြင်းကြောင့် နာကျင်ခံစားမှာနဲ့ ငွေကုန်ပြီး သူမလည်း အသက်ဆုံးရှုံးရမှာ စိုးရိမ်တာကြောင့် မကုသချင်ခဲ့ကြောင်း Weibo မှာ ရေးသားခဲ့ပါတယ်။ တရုတ်မင်းသမီးငယ်က ဓာတုကုထုံးအစား စုပ်ခွက်ကုထုံး၊ အပ်စိုက်ကုထုံး၊ မက်ကလောင်ကုထုံး အစရှိတဲ့ ရိုးရာ တရုတ်တိုင်းရင်းဆေးကုထုးများဖြင့် ကုသမှုခံယူခဲ့ပါတယ်။

play


တရုတ်တိုင်းရင်းဆေး ကုထုံးများဖြင့် ကုသနေရာက အခြေအနေပိုဆိုးလာခဲ့ပြီးနောက် ဓာတုကုထုံးဖြင့် ကုသမှုကို ခံယူခဲ့ပေမဲ့လည်း စက်တင်ဘာ ၇ ရက်မှာ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

play


တရုတ်မင်းသမီးလေး Xu Ting က ကင်ဆာရောဂါ ဖြစ်နေကြောင်း Weibo ရှိ သူမရဲ့ ပရိသတ် ၃၀၀,၀၀၀ ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဖွင့်ဟပြောကြားခဲ့ပြီး တရုတ်တိုင်းရင်းဆေးကုထုးများဖြင့် ကုသမှုခံယူခဲ့တဲ့ သူမရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။

ကင်ဆာရောဂါကြောင့် မင်းသမီး Xu Ting ကွယ်လွန်ခဲ့ပြီးနောက်မှာတော့ တရုတ်တိုင်းရင်းဆေးနဲ့ ဓာတုကုထုံးတို့ကို နှိုင်းယှဉ်ပြီး အချေအတင် ပြောဆိုမှုတွေ Weibo မှာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Shanghi Daily, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ