International Celebrity: ရည်းစားကို အိမ်ပေါ်က နှင်ချလိုက်တဲ့ ကိတ်မော့စ်

, updated

သူမရဲ့ရည်းစားနဲ့ သူ့သူငယ်ချင်းတွေက အိမ်မှာ ပါတီလုပ် သောင်းကျန်းသွားတဲ့အတွက်ပါ။

play

 

စူပါမော်ဒယ် ကိတ်မော့စ်ရဲ့ရည်းစား နီကိုလိုင်ဟာ သူမရဲ့အိမ်မှာ ပါတီလုပ်ပြီး ဆူပူသောင်းကျန်းခဲ့တဲ့အတွက် ကိတ်မော့စ်က သူ့ကို အိမ်ပေါ်က နှင်ချလိုက်တယ်လို့ သိရပါတယ်။

play

 

အသက် ၄၂ နှစ်အရွယ် ကိတ်ဟာ သူမထက် ၁၃ နှစ်ငယ်တဲ့ ချစ်သူ နီကိုလိုင်ဗွန်ဗစ်မာ့ခ်ကို အရက်သေစာ မသောက်စားတော့ဖို့ ပြောထားပြီး ဆက်သောက်နေမယ်ဆိုရင် လမ်းခွဲရလိမ့်မယ်လို့ ပြောလိုက်ပြီလို့ သိရပါတယ်။

play

 

"အခုနောက်ပိုင်း နီကိုလိုင်ရဲ့အပြုအမူတွေက ရိုင်းစိုင်းလာတယ်လို့ ယူဆတဲ့အတွက် ဒေါသထွက်နေတယ်။ သူတို့နှစ်ယောက်စလုံး မသောက်တာ လအနည်းငယ်ရှိပြီ။ ဒါပေမဲ့ အခုတစ်ပတ် နှစ်ပတ်အတွင်းမှာ သူ(နီကိုလိုင်)က အရင်လိုပဲ ပြန်ဆိုးလာတယ်" လို့ ကိတ်မော့စ်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

play

 

"ကိတ်က သူ့ကို သင်ခန်းစာ ပေးချင်တာပါ။ လမ်းမခွဲချင်တဲ့အတွက် ဒီလိုလုပ်လိုက်ရင် အဆင်ပြေမယ်လို့ ကိတ်က မျှော်လင့်ထားတယ်။ ဒါပေမဲ့ သူကတော့ ကိတ်ကို ထားသွားနိုင်တယ်" လို့ ထိုသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ လန်ဒန်မြို့မှာ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီပွဲကို ကိတ်တစ်ယောက်တည်း သွားတက်တာ တွေ့ရပြီး ဂျာမနီတော်ဝင်မျိုးနွယ် မြို့စား နီကိုလိုင်ကိုတော့ မတွေ့ရပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ