International Celebrity: ဂေါင်ယူးရဲ့အကောင့်တုတွေဖန်တီးနေတဲ့ ပရိသတ်တွေကို အေဂျင်စီသတိပေး

, updated

ဂေါင်ယူးဟာ မည်သည့် လူမှုကွန်ရက်အကောင့်ကိုမှ အသုံးပြုခြင်းမရှိပါဘူး။

play

 

သရုပ်ဆောင် ဂေါင်ယူးရဲ့ အေဂျင်စီက ပရိသတ်တွေအနေနဲ့ မင်းသားဟန်ဆောင်ပြီး လူမှုကွန်ရက်အကောင့်တုတွေ မလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

play
Train to Busan မှ ဇာတ်ဝင်ခန်းတစ်ခု

 

ဂေါင်ယူးရဲ့နာမည်ဂုဏ်သိက္ခာကျဆင်းအောင် အကောင့်ပေါင်းများစွာ ပြုလုပ်ကြသူတွေရှိတာကို တွေ့ရှိရတာကြောင့် ယခုလို ကြေညာချက်ထုတ်ရဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂေါင်ယူးကိုယ်တိုင်က မည်သည့် လူမှုကွန်ရက်အကောင့်ကိုမှ အသုံးပြုခြင်းမရှိတာကြောင့် အကောင့်တုတွေလုပ်ပြီး ဂေါင်ယူးတကယ်သုံးနေသလိုမျိုးမလုပ်ဖို့ သတိပေးလိုက်တာပါ။

play
Age of Shadows ဇာတ်ကားပိုစတာ

 

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ဂေါင်ယူးဟာ မကြာခင်က ရုံတင်ပြသခဲ့တဲ့ Train To Busan ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ လက်ရှိ တောင်ကိုရီးယားမှာ ရုံတင်ပြသနေတဲ့ Age of Shadows ဇာတ်ကားကလည်း လူကြိုက်များနေတယ်လို့ သိရပါတယ်။

Source : Soop Managent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ