International Celebrity: အားပေးဆဲဖြစ်တဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ ပေါလ်ဝေါ်ကာရဲ့မိခင်

ပေါလ်ဝေါ်ကာဟာ အားလုံးရဲ့ရင်မှာ ထာဝရ ရှင်သန်နေမယ့်သူပါ။

play

 

ဟောလိဝုဒ် မင်းသားတစ်လက်ဖြစ်တဲ့ ပေါလ်ဝေါ်ကာသေဆုံးတာ နိုဝင်ဘာလာဆိုရင် ၃ နှစ်ပြည့်တော့မှာပါ။

စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ ပေါလ်ဝေါ်ကာ တည်ထောင်ခဲ့တဲ့ Reach Out Worldwide ပရဟတိအသင်းအဖွဲ့ရဲ့ပွဲမှာ သူ့ရဲ့မိခင်က ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။

play

 

"အားလုံးရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်မရဲ့သားက ရှင်တို့အားလုံးရဲ့ရင်ထဲမှာ ရှင်သန်နေဆဲပါ။ အဲဒါကြောင့် သူ့ရဲ့အလုပ်က ဒီကမ္ဘာမြေပေါ်မှာ ဆက်လက်ဖြစ်မြောက်နေသလို  သူလည်း ကျွန်မတို့ကို ကြည့်နေမယ်ဆိုတာ ကျွန်မသိပါတယ်" လို့ ပေါလ်ရဲ့မိခင် ချယ်ရီက ပြောခဲ့ပါတယ်။

play

 

ဗင်ဒီဆယ်လ်က အဲဒီပွဲကို ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်လွှင့်တင်ခဲ့ပါတယ်။

ပေါလ်ဝေါ်ကာဟာ ဖိလစ်ပိုင်က တိုင်ဖွန်းမုန်တိုင်းဒဏ်ခံ လူထုအတွက် ပရဟိတအသင်းအဖွဲ့တစ်ခု တည်ထောင်ပြီး မကြာခင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : etonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ