International Celebrity: အလှအပရေးဦးစားပေးခဲ့လို့ ပွဲခင်းထဲရောက်မှ ဗိုက်ဖြည့်ရတဲ့ ဆိုဖီယာဗဂါရာ

အိနြေ္ဒတောင်မဆည်နိုင်ဘဲ အားပါးတရ စားနေခဲ့ပါတယ်။

play

 

၆၈ ကြိမ်မြောက် အမ်မီဆုပေးပွဲမှာ အလှဆုံးမိန်းကလေးစာရင်းကို ရွေးချယ်ကြရာမှာ ဆိုဖီယာ ဗဂါရာလည်း ပါဝင်လာခဲ့ပါတယ်။ သူမက အဖြူရောင်ဝတ်စုံနဲ့ ကျက်သရေရှိရှိ လှနေခဲ့တာပါ။

play

 

ဒီလိုလှပအောင် ပြင်ဆင်နေခဲ့လို့ပဲ သူမမှာ အစာစားဖို့ အချိန်ရခဲ့ဟန်မတူပါဘူး။ ပွဲခင်းထဲရောက်မှ မုန့်ကို အားပါးတရစားနေတာကို ဓာတ်ပုံဆရာတွေက အမိအရရိုက်ယူနိုင်ခဲ့ကြပါတယ်။

play

 

သူမရဲ့ဆာလောင်မှုကို ထိန်းချုပ်ဟန်ဆောင်မထားဘဲ မြေပဲထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ကို စားနေခဲ့တာပါ။ အအေးဘူးလေးသောက်နေတာကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

Source : ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ