International Celebrity: အမ်မီ ဆုပေးပွဲက အလှဆုံးဆယ်လီ (၅) ဦး

ဆက်စီပုံတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမ်မလီဟာ ဒီတစ်ကြိမ်မှာတော့ လုံးဝပြောင်းလဲသွားပါပြီ။

play

 

နှစ်စဉ်ကျင်းပပြုလုပ်တဲ့ အမ်မီဆုပေးပွဲကို ယခုနှစ်မှာ လော့စ်အန်ဂျလိစ်မြို့က မိုက်ခရိုဆော့ဖ်ကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ဇူလိုင်လမှ ၂၀၁၆ မေလ ၃၁ ရက်အတါင်း ပြသခဲ့တဲ့ ရုပ်သံစီးရီးတွေထဲကနေ ထူးချွန်ဆုတွေကို ရွေးချယ်ပေးအပ်ပါတယ်။ အမ်မီဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီးဆုပေးတစ်ခုလည်း ဖြစ်တာကြောင့် အနုပညာရှင်တွေအဖို့ရာ အလှဆုံးပြင်ဆင်ရတဲ့ပွဲပါပဲ။ ဒီနှစ် အလှဆုံးဆယ်လီတွေစာရင်းမှာတော့ ပရီယန်ကာချော်ပရာ၊ ဆိုဖီယာ ဗဂါရာနဲ့ အမ်မလီ ရတ်တက်ကောင်းစကီတို့ကို ညွှန်ပြရမှာပါ။

၁။ အမ်မလီ ရတ်တက်ကောင်းစကီ

play

 

ဖော်ချွတ်နဲ့ ဆက်စီပုံတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမ်မလီဟာ ဒီတစ်ကြိမ်မှာတော့ လုံးဝပြောင်းလဲသွားပါပြီ။ အပြာရောင် ပွဲတက်ဝတ်စုံက သူမရဲ့ကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့အပြင် ယဉ်ယဉ်လေးနဲ့လှနေစေပါတယ်။ ဂါဝန်ကိုတော့ ဒီဇိုင်နာ ဇက် ပိုဆန်က ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

၂။ ဆိုဖီယာ ဗဂါရာ

play

 

သရုပ်ဆောင် မော်ဒယ် ဆိုဖီယာ ဗဂါရာရဲ့ ဝတ်စုံကတော့ Lorraine Schwartz ကျောက်တွေနဲ့ ဖန်တီးထားတာမို့ ပြိုးပြက်လင်းလက်နေပါတယ်။ ဒါတင်မက အဖိုးတန်စိန်ထည်တွေကိုပါ ဝတ်ဆင်ထားတာကြောင့် ဗဂါရာရဲ့ပုံရိပ်က မီးရောင်အောက်မှာ တဖျတ်ဖျတ်တောက်နေတော့တာပါပဲ။

၃။ ပရီယန်ကာချော်ပရာ

play

 

ဘောလိဝုဒ်ရော ဟောလိဝုဒ်မှာပါ နာမည်ရလာတဲ့ အိန္ဒိယနွယ်ဖွားမင်းသမီးလေးက အနီရောင်ဂါဝန်ကြီးနဲ့ ပွဲတက်လာပါတယ်။ ယခုမှ ပွဲလမ်းသဘင်ထဲရောက်ရသလိုမျိုး ပျော်ရွှင်မြူးတူးနေပြီး ဂါဝန်ကို ဝေ့ကာဝိုက်ကာနဲ့ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။

၎။ ကယ်ရီ ဝါရှင်တန်

play

 

ကိုယ်ဝန်အရင့်အမာနဲ့ ကယ်ရီဝါရှင်တန်ဟာ အနက်ရောင် ဂါဝန်ကို ဝတ်လာခဲ့ပါတယ်။ ကိုယ်ဝန်ဆောင် ဆိုပေမယ့် သူမရဲ့ဝတ်စုံကတော့ ရှင်းရှင်းလေးနဲ့ လှတဲ့ဝတ်စုံပါပဲ။

၅။ အေရီရယ်ဝင်းတား

play

 

ငွေရောင်စီးကွင့်တွေ ခြယ်သထားတဲ့ ဝတ်စုံလေးက တော်တော်လေးကြည့်လို့လှပါတယ်။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် သူမအတွက်တော့ လူကြီးဆန်သွားစေခဲ့ပါတယ်။

Photo : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ