International Celebrity: လီယိုနာဒိုကို သာမာန်လူအမှတ်နဲ့ အကူအညီတောင်းမိတဲ့ ဘိုးဘွားမောင်နှံ

အော်စကာဆုရှင်ကြီးကလည်း မဆိုင်းမတွ ကူညီပေးခဲ့ပါတယ်။

play

 

သောကြာနေ့က နယူးယော့ခ်မြို့ထဲမှာ အကူအညီလိုနေတဲ့ အသက်ကြီးကြီးစုံတွဲဟာ အော်စကာဆုရှင်မင်းသားကြီးကို အကူအညီတောင်းခဲ့မိကြပါတယ်။ တီရှပ်နဲ့ ဘောင်းဘီတိုကိုဝတ်ထားသူဟာ ကမ္ဘာကျော်မင်းသားကြီး လီယိုနာဒို ဒီကတ်ပရီယိုဆိုတာတော့ မသိခဲ့ကြပါဘူး။

play

နေရာတစ်ခုကို ရှာဖွေစုံစမ်းဖို့အတွက် လီယိုနာဒိုကို မေးမြန်းခဲ့ကြတာပါ။ လီယိုနာဒိုကလည်း သူ့ရဲ့ဖုန်းကိုထုတ်ရင်း ဘိုးဘွားမောင်နှံမေးမြန်းတဲ့နေရာကို သေသေချာချာ ပြသခဲ့ပါတယ်။

ခွေးကိုပါခေါ်ပြီး သူငယ်ချင်းနဲ့ လမ်းလျှောက်ထွက်နေတဲ့ လီယိုနာဒိုကို လူတွေကဆယ်ဖီတွဲရိုက်ဖို့ ပြောနေခဲ့ကြပါသေးတယ်။ ဒါကို သတိမထားမိတဲ့ ဘိုးဘွားစုံတွဲက သာမာန်လူအမှတ်နဲ့ ရိုးရိုးသားသား အကူအညီတောင်းခဲ့ကြတာဖြစ်ပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ