International Celebrity: ဂျက်စတင်ဘီဘာနဲ့ ဆိုဖီယာရစ်ချီ ပြတ်သွားပြီ

, updated

တွဲတာ တစ်လပဲ ရှိပါသေးတယ်။

play

 

ဂျက်စတင်ဘီဘာနဲ့ ဆိုဖီယာရစ်ချီတို့ရဲ့ အချစ်ဇာတ်လမ်းက အစကတည်းက သိပ်ပြီး အလေးအနက်မရှိခဲ့ဘူးလို့ TMZ က ဆိုပါတယ်။

play

 

၂၂ နှစ်အရွယ် အဆိုတော်လေး ဂျေဘီနဲ့ အသက် ၁၈ နှစ်အရွယ် Yeezy မော်ဒယ်လေးဟာ သြဂုတ်လ ၂၉ ရက်နေ့က မက္ကဆီကိုမှာ အပန်းဖြေခဲ့ကြပြီးတဲ့နောက် အတူတူ ဓာတ်ပုံရိုက်တာမျိုးတွေ မရှိတော့ပါဘူး။

စက်တင်ဘာလ ၁၇ ရက်မှာ ဆိုဖီယာက The Nice Guy မှာ ပါတီလုပ်ခဲ့ပြီး နောက်နေ့မှာတော့ မာလီဘူးက ၄ ကြိမ်မြောက် White Party ကို 10Ak နဲ့ Beacher's Madhouse ရဲ့ ပူးတွဲပိုင်ရှင် Darren Dzienciol နဲ့ အတူသွားသွားခဲ့တာ။

အဲဒီအချိန် စက်တင်ဘာလ ၁၉ ရက်မှာတော့ ဂျေဘီက ဂျာမနီနိုင်ငံ ကိုလုံမြို့ကို ရောက်နေပါတယ်။

play

 

ဂျေဘီနဲ့ ဆိုဖီယာတို့ဇာတ်လမ်းဟာ သြဂုတ်လ ကယ်လီဖိုးနီးယားပြည်နယ်၊ လက်ဂူနာကမ်းခြေမှာ အတူတွဲတွေ့ကတည်းက ဟိုးလေးတကျော်ဖြစ်သွားခဲ့တာပါ။ အဲဒီနောက် သြဂုတ်လလယ်မှာ တိုကျိုကိုအတူ သွားခဲ့ကြပါသေးတယ်။

သြဂုတ်လကုန်ပိုင်းက ဆိုဖီယာရဲ့ အသက် ၁၈ နှစ် မွေးနေ့မှာ နှစ်ယောက်အတူရှိခဲ့ကြပြီးနောက် မက္ကဆီကကိုက Cabo San Lucas ကျွန်းကို ခရီးအတူထွက်ခဲ့ကြပြီး သူတို့နှစ်ယောက် ရေကူးဝတ်စုံကိုယ်စီနဲ့ အနမ်းခြွေနေတဲ့ ပုံတွေတောင် ထွက်ခဲ့ပါသေးတယ်။

play

 

အဲဒီခရီးထွက်ပြီးကတည်းက သူတို့နှစ်ဦးကို အတူတကွ မတွေ့ရတော့ပါဘူး။

ဒါ့အပြင် ဂျေဘီက သူ့ရဲ့ရည်းစားဟောင်း ဆယ်လီနာဂိုးမက်စ်ကို ဖုန်းတွေ ဆက်တိုက်ဆက်နေတယ်လို့ ဆယ်လီနာက ဖုန်းနံပါတ်ပြောင်းကာ သူငယ်ချင်းတွေကိုလည်း ဂျေဘီကို ဖုန်းနံပါတ်မပေးဖို့ ပြောခဲ့တယ်လို့ UsWeekly က ဖော်ပြခဲ့ပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ