International Celebrity: အမ်မီဆုပေးပွဲ ကော်ဇောနီပေါ်မှာ ကွန်ဖူးသိုင်းကွက်တွေပြခဲ့တဲ့ နင်ဂျာမင်းသမီး

ဂျက်ဆီဂရက်ဖ်ဟာ အနီရောင် ဂါဝန်ရှည်ကြီးနဲ့ ကျက်သရေရှိရှိလှနေခဲ့ပါတယ်။

play

 

American Ninja Warrior ရုပ်သံဇာတ်လမ်းတွဲ မင်းသမီး ဂျက်ဆီဂရက်ဖ်ဟာ အမ်မီဆုပေးပွဲမှာ ကွန်ဖူးသိုင်းကွက်တွေ ပြသသွားခဲ့တဲ့ အားလုံးရဲ့ စိတ်ဝင်တစား အားပေးခြင်းကို ရရှိခဲ့ပါတယ်။

သူမရဲ့ ကြမ်းပြင်အထိ ရှည်လျားလွန်းတဲ့ ဂါဝန်အနီရောင်ဟာ အကွဲများစွာ ပါပေမဲ့လည်း ဂျက်ဆီဟာ လှလှပပနဲံ ကွန်ဖူးကွက်တွေ ပြသသွားနိုင်တာကိုက ချီးကျူးစရာဖြစ်နေပါတယ်။

play

 

Supergirl ဇာတ်ကားမှာ စတန့်သမားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဂျက်ဆီဟာ ကိုယ်ခံပညာတွေကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။

play

 

သူမဟာ တိုက်ကွန်ဒိုမှာ ခါးပတ်နက်ရထားကာ ကွန်ဖူးလည်း ကျွမ်းကျင်ပြီး နောက်ထပ် ကိုယ်ခံပညာ ၅ မျိုးကိုလည်း တက်ကျွမ်းသူဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ