International Celebrity: ရည်းစားဟောင်း သေဆုံးမှုအတွက် ဂျင်ကာရေး တရားစွဲခံရ

, updated

သူ့ရဲ့ရည်းစားဟောင်းက ဆေးလွန်ပြီးသေဆုံးသွားခဲ့တာပါ။

play

 

ဟောလိဝုဒ်မင်းသားကြီး ဂျင်ကာရေးဟာ ပြီးခဲ့တဲ့နှစ်က ဆေးလွန်ပြီး သေဆုံးသွားတဲ့ သူ့ရဲ့ရည်းစားဟောင်းအတွက် နာမည်လိမ်ပြီး ဆေးတွေ ဝယ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ဂျင်ကာရေးဟာ သူ့ရဲ့ချမ်းသာမှုနဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး ဆေးတွေကို တရားမဝင် ဝယ်ယူတယ်လို့ သေဆုံးသွားခဲ့တဲ့ ကက်သရီယိုနာဝှိုက်ရဲ့ ခင်ပွန်းဟောင်း မာ့ခ်ဘာတန်က ဆိုပါတယ်။

play

 

အဲဒီနောက် ဂျင်ကာရေးဟာ ဒီပြဿနာမှာ သူပါဝင်နေတာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

ဂျင်ကာရေးကတော့ ဘာမှ မှတ်ချက်မပေးသေးပါဘူး။

ဂျင်ကာရေးနဲ့ ကက်သရီဟာ ပြတ်လိုက်ဆက်လိုက်ဖြစ်နေခဲ့ပြီး သူမသေဆုံးတဲ့နေ့မတိုင်ခင်မှာ ပြတ်နေခဲ့တယ်လို့ သိရပါတယ်။

play
ကက်သရီရဲ့အလောင်းကို ကူထမ်းပေးခဲ့တဲ့ ဂျင်ကာရေး

 

အသက် ၅၄ နှစ်အရွယ် ဂျင်ကာရေးဟာ အာသာကင်းဆိုတဲ့ နာမည်နဲ့ ဆေးတွေ ဝယ်ခဲ့တယ်လို့ လော့ဆန်းဂျလိစ် တရားရုံးမှာ တိုင်ချက်ဖွင့်ထားပါတယ်။

Source & Photos : bbc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ