International Celebrity: ချစ်သူနဲ့ ဆင်တူဖြစ်အောင် စိန်နာရီဝယ်လိုက်တဲ့ ကိုင်လီဂျန်နာ

, updated

ကိုင်လီဟာ နှုတ်ခမ်းနီထုတ်ပြီးတဲ့နောက် ကိုယ်ပိုင်ဝင်ငွေ သန်းနဲ့ချီရှိလာခဲ့သူပါ။

play

 

ကိုယ်ပိုင်တံဆိပ်နဲ့ နှုတ်ခမ်းနီထုတ်ပြီးတဲ့နောက် ရောင်းမလောက်အောင်ဖြစ်ခဲ့ပြီးနောက် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှိလာတဲ့ ကိုင်လီဂျန်နာအတွက် ငွေတွေက သုံးမကုန်ဖြစ်နေပုံပါပဲ။

play

 

နာမည်ကျော်ကာဒါရှီယန်တို့နဲ့မိခင် ခရစ္စဂျန်နာရဲ့ အထွေးဆုံးသမီးလေး အသက် ၁၈ နှစ်အရွယ် ကိုင်လီဂျန်နာဟာ မနှစ်က သူမရဲ့ချစ်သူ တိုင်ဂါကို ဝယ်ပေးခဲ့တဲ့ နာရီနဲ့ ဆင်တူ နာရီတစ်လုံးကို ဝယ်လိုက်ကြောင်း ပြောရင်း သူမရဲ့ စိန်ပွင့်တွေ မြှုပ်ထားတဲ့ နာရီကို Snapchat ကနေ ပြသခဲ့ပါတယ်။

play

 

နာရီဟာ ဘာအမှတ်တံဆိပ်ဆိုတာကို မသိရသေးပေမဲ့ အနည်းဆုံးတော့ ဒေါ်လာ တစ်သိန်းတန်လိမ့်မယ်လို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။

ဘလက်ခ်ချန်နာနဲ့ သားတစ်ယောက်ရခဲ့ပြီး ကွဲသွားခဲ့တဲ့ တိုင်ဂါဟာ ကိုင်လီဂျန်နာနဲ့ ချစ်သူဖြစ်နေတာ ကြာပြီဖြစ်ပြီး ပြတ်သွားခဲ့ကာ အခု ပြန်တွဲတာ သိပ်မကြာသေးပါဘူး။

play

 

အသက် ၂၀ အရွယ် ကန်ဒဲလ်ဂျန်နာရဲ့ ညီမငယ် ကိုင်လီဂျန်နာဟာ ဆံပင်ကိုလည်း ပလက်တီနမ်အရောင်စပ်ထားတဲ့ ရွှေရောင်ဖျော့ဖျော့ ဆိုးထားပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ