International Celebrity: တေလာဆွစ်နဲ့ သူငယ်ချင်းအဖြစ် ရှိဆဲဆိုတဲ့ တွမ်ဟစ်ဒယ်လ်စတန်

သုံးလကြာ မခွဲနိုင်မခွာရက် ဖြစ်ခဲ့ကြပြီးနောက် ရုတ်တရက်ကြီး ပြတ်သွားခဲ့ကြတာပါ။

play

 

တေလာဆွစ်နဲ့ တွမ်ဟစ်ဒယ်လ်စတန်တို့ဟာ ချစ်သူတွေဖြစ်ကြတုန်းကလည်း မခွဲနိုင်မခွာရက် ကမ္ဘာပတ်ကာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး ပြတ်သွားတော့လည်း လူသိရှင်ကြားပါပဲ။

ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ပြင်းပြင်းထန်ထန် ခံစားရမှုတွေတော့ သိပ်ရှိဖို့ မရပါဘူး။

play

 

အမ်မီဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တွမ်ဟစ်ဒယ်စတန်က  သူနဲ့ တေလာဟာ သူငယ်ချင်းတွေအဖြစ် ရှိဆဲလို့ ပြောပြခဲ့ပါတယ်။

တေလာနဲ့ ပြတ်သွားတာ တကယ်လားလို့ မေးမြန်းချိန်မှာတော့ "ဟုတ်ပါတယ်..ပြတ်သွားပါပြီ" လို့ တွမ်က ခပ်ပြုံးပြုံးပဲ ဖြေခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ