International Celebrity: ဘရတ်ပစ်နဲ့ကွာရှင်းပေးဖို့ ရုံးတော်မှာလျှောက်ထားလိုက်တဲ့ ဂျိုလီ

, updated

၁၂ နှစ်ကြာ လက်တွဲလာပြီး ကြီးမားတဲ့မိသားစုကို ပိုင်ဆိုင်ထားရတာ ပင်ပန်းလာပုံရပါတယ်။

play


အန်ဂျလီနာဂျိုလီဟာ သူမနဲ့ ၁၂ နှစ်ကြာ ပေါင်းသင်းလာတဲ့ ခင်ပွန်းဖြစ်သူ ဘရတ်ပစ်နဲ့ ကွာရှင်းပေးဖို့ ရုံးတော်မှာ လျှောက်ထားလိုက်ပါတယ်။

play
၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဆစ်ဒနေမှာ အတူတွေ့ရတဲ့ ပစ်ဂျိုလီစုံတွဲ


ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်လျှောက်လွှာအပြင် ကလေးခြောက်ဦးကို အုပ်ထိန်းခွင့်ရရှိရေးပါ တစ်ပါတည်း လျှောက်ထားလိုက်ကြောင်း TMZ သတင်းက ဖော်ပြထားပါတယ်။

play
ပစ်ဂျိုလီ မိသားစု


သတင်းရင်းမြစ်တွေအရတော့ ဂျိုလီဟာ ဘရတ်ပစ်ရဲ့ ကလေးတွေအပေါ်အုပ်ထိန်းမှုပုံစံကြောင့် အကြီးအကျယ် စိတ်ဆင်းရဲပြီး ကွာရှင်းခွင့်တောင်းရတယ်လို့ သိရပါတယ်။

play
ပစ်နဲ့ဂျိုလီကို ချစ်သူတွေဖြစ်စေခဲ့တဲ့ Mr. & Mrs. Smith ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း


ဘရတ်ပစ်နဲ့ဂျိုလီဟာ Mr. & Mrs. Smith ဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှာ တရားဝင် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတိုစုံတွဲမှာ မွေးစားကလေး ၄ ဦး အပါအဝင် ရင်သွေး ၆ ဦးကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

play
Five Seconds of Silence ဇာတ်ကားမှ ဘရတ်ပစ်နဲ့ မင်းသမီး မာရီယွန် ကော့တီလတ်ဒ်

 
အခြား သတင်းတွေရဲ့ အဆိုအရ ဘရတ်ပစ်ဟာ Five Seconds of Silence ဇာတ်ကားရိုက်ကူးစဉ် မင်းသမီး မာရီယွန် ကော့တီလတ်ဒ်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တာကြောင့် ဂျိုလီက ကွာရှင်းခွင့် လျှောက်ထားခဲ့တာလို့လည်း သိရပါတယ်။
Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ