International Celebrity: ကိုယ်ပိုင်အေဂျင်စီ တည်ထောင်လိုက်တဲ့ စူပါမော်ဒယ်ကိတ်မော့စ်

မော်ဒယ်လုပ်ငန်းသာမက အဆိုတော်နဲ့ သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်ကျော်ကြားသူတွေ မွေးထုတ်ပေးချင်ကြောင်း စူပါမော်ဒယ် ကိတ်မော့စ်က ဆိုပါတယ်။

play


ကမ္ဘာကျော် စူပါမော်ဒယ် ကိတ်မော့စ်က ကိုယ်ပိုင်မော်ဒယ်အေဂျင်စီ တည်ထောင်လိုက်ကြောင်း သိရပါတယ်။ ကိတ်မော့စ်က သူမရဲ့အသက် ၁၄ နှစအရွယ်ကတည်းက လက်တွဲလာခဲ့တဲ့ Storm Models အေဂျင်စီနဲ့ ယခုနှစ်အစောပိုင်းမှာ လမ်းခွဲလိုက်ပြီးနောက် ကိုယ်ပိုင်မော်ဒယ်အေဂျင်စီ တည်ထောင်လိုက်တာလည်း ဖြစ်ပါတယ်။

play


ကိတ်မော့စ်က မော်ဒယ်အေဂျင်စီ တည်ထောင်တဲ့သတင်းကို London Fashion Week ပိတ်ပွဲကျင်းပတဲ့ စက်တင်ဘာ ၂၀ ရက်မှာ Business of Fashion ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချောမောလှပသူတွေကိုသာ မလိုချင်ဘဲ သီချင်းဆိုချင်သူ၊ က,ချင်သူနဲ့ သရုပ်ဆောင်ချင်သူတွေကို လိုချင်ကြောင်း ကိတ်မော့စ်က ပြောပါတယ်။

play


သူမရဲ့အေဂျင်စီက မော်ဒယ်လုပ်ငန်းသာမက အဆိုတော်နဲ့ သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်ကျော်ကြားသူတွေ မွေးထုတ်ပေးချင်ကြောင်းလည်း အသက် ၄၂ နှစ်အရွယ် စူပါမော်ဒယ် ကိတ်မော့စ်က ဆိုပါတယ်။ သူမ အနေနဲ့ မော်ဒယ်တွေ လေ့ကျင့်သင်ကြားပေးတဲ့ အေဂျင်စီထက် လူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို စီမံခန့်ခွဲမှုအပေါ် အာရုံစိုက်လိုကြောင်းလည်း ကိတ်မော့စ်က ပြောပါတယ်။

play


မော်ဒယ်လုပ်ငန်းကို ကိတ်မော့စ်အေဂျင်စီလို့ အမည်ပေးထားကြောင်း သိရပါတယ်။ ကိတ်မော့စ်ဟာာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်စာရင်းရဲ့ နံပါတ် ၁၂ နေရာမှာ ရပ်တည်နေပြီး ၂၀၁၅ ခုနှစ် ဇွန်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၄.၅ သန်း ဝင်ငွေရရှိကြောင်း Forbes မဂ္ဂဇင်းက ပြောပါတယ်။

play


လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ကိတ်မော့စ်ဟာ ခရီးသွားအေးဂျင့်နဲ့ ဘားဆိုင်စားပွဲထိုးမယ်တို့ရဲ့ သမီးဖြစ်ပါတယ်။ သူမကို နယူးယော့ခ်လေဆိပ်မှာ Storm Models အေဂျင်စီ တည်ထောင်သူက တွေ့ရှိခဲ့ပြီးနောက် မော်ဒယ်အဖြစ် လေ့ကျင့်ပေးခဲ့ကာ ကမ္ဘာကျော်မော်ဒယ် ဖြစ်လာခဲ့ပါတယ်။

ကိတ်မော့စ်ဟာ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်အထိ အောင်မြင်နေဆဲ မော်ဒယ်အနည်းငယ်ထဲမှ တစ်ယောက်အပါဝင်လည်း ဖြစ်ပါတယ်။
Source & Photo: Reuters, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ