International Celebrity: ဂျိုလီက ကွာရှင်းခွင့်လျှောက်ထားလို့ ဘရတ်ပစ်စိတ်ဆိုးဒေါသဖြစ်နေ

, updated

ဂျိုလီကိုယ်တိုင်ကတော့ ကလေးတွေနဲ့ပတ်သက်ပြီးစိတ်ပူလို့ ကွာရှင်းတယ်လို့ပြောပေမဲ့ သတင်းဌာနတွေကတော့ ဘရတ်ပစ်ဖောက်ပြန်တဲ့ပုံစံမျိုး ရေးသားနေကြပါတယ်။

play

 

ဘရတ်ပစ်နဲ့ ကွာရှင်းပေးဖို့အပြင် ကလေးတွေအုပ်ထိန်းခွင့်ရဖို့ပါ ဂျိုလီက ရုံးတော်မှာလျှောက်ထားလိုက်တဲ့အပေါ် ဘရတ်ပစ်ဘက်က တုံ့ပြန်လိုက်ပါပြီ။

play

 

" ဒီကိစ္စကြောင့် ကျွန်တော် အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်၊ ခုတော့ ဘာတွေပဲဖြစ်နေပါစေ ကလေးတွေကောင်းကောင်းမွန်မွန်ရှိရေးက အရေးကြီးဆုံးပါပဲ" လို့ ဘရတ်ပစ်က ပြောခဲ့ကြောင်း People သတင်းမှာ ဖော်ပြထားပါတယ်။ ဂျိုလီက ရုတ်တရက်ကြီး ကွာရှင်းခွင့်လျှောက်လိုက်တာကြောင့် ဘရတ်ပစ်က ဒေါသဖြစ်နေပြီး ကလေးတွေမှာလည်း ပါပါရာဇီတွေ မျက်စိဒေါက်ထောက်ကြည့်တာခံရတော့မှာဖြစ်လို့ စိတ်ဆိုးနေတယ်လို့ သတင်းရစ်မြစ်တွေက ပြောပါတယ်။

play
Allied ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခု

 

ဂျိုလီကတော့ ဘရတ်ပစ်ဟာ မူးယစ်သောက်စားပြီး ကလေးတွေကို ဒေါသတကြီးအုပ်ထိန်းနေလို့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်ချင်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘရတ်ပစ်ဟာ Allied ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မာရီယွန် ကော်တီလတ်နဲ့ ဖောက်ပြန်တာကြောင့် ဂျိုလီကကွာရှင်းတာဖြစ်ကြောင်း သတင်းဌာနတွေက ရေးသားနေကြပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ