International Celebrity: ဂျိုလီနဲ့ ဘရတ်ပစ် အိမ်ထောင်ရေးပြိုကွဲခြင်းကို ဝဋ်လည်ခြင်းလို့ ဆိုလိုက်တဲ့ ဂျနီဖာအန်နစ္စတန်

, updated

ဘရတ်ပစ်က ဂျိုလီ့အတွက်နဲ့ သူမကို လွန်ခဲ့တဲ့ ၁၁ နှစ်က ထားသွားခဲ့တာ ဖြစ်ပါတယ်။

play

 

ဘရတ်ပစ်ဟာ အန်ဂျလီနာဂျိုလီနဲ့ ချစ်ကြိုက်သွားတဲ့အတွက် ဂျနီဖာအန်နစ္စတန်ကို ၂၀၀၅ ခုမှာ ကွာရှင်းခဲ့တာ

ဖြစ်ပါတယ်။

play

 

အခုတော့ သူမဖြစ်သလို ပြန်ဖြစ်ပြီလို့ ဂျနီဖာအန်နစ္စတန်ကဆိုလိုက်တယ်လို့ သူမရဲ့သူငယ်ချင်းတွေက

ပြောခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဒီသတင်းထွက်လာတော့ ဂျနီဖာက "အင်း..ဒါ ဝဋ်လည်တာပဲလေ"လို့ ပြောတယ်လို့

သတင်းပေးတစ်ဦးက US Weekly ကို ပြောကြားခဲ့ပါတယ်။

ဘရတ်ပစ်နဲ့ အန်ဂျနီလာဂျိုလီရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကို အသက် ၄၇ နှစ်အရွယ် မင်းသမီး ဂျနီဖာအန်နစ္စတန်က ကျေနပ်အားရနေတယ်လို့လည်း သိရပါတယ်။

play

 

ဂျနီဖာအန်နစ္စတန်နဲ့ ဘရတ်ပစ်တို့ဟာ ၂၀၀၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူမဟာ ၂၀၁၅ ခုနှစ်မှာ သရုပ်ဆောင် စာရေးဆရာ ဂျက်စတင်သားရောက်စ်နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

သူမနဲ့ ဘရတ်ပစ်ဟာ သူတို့ရဲ့အေဂျင်စီတွေရဲ့တွေ့ဆုံပေးမှုအရ ၁၉၉၉ ခုနှစ်မှာ ဒိတ်လုပ်ခဲ့ကြပြီး ချစ်သူအဖြစ် ၂ နှစ်တွဲခဲ့ကာ  ၂၀၀၀ ပြည့်နှစ်က စေ့စပ်ပြီးတဲ့နောက် မာလီဘူးမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ