International Celebrity: ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ မာရီယွန် ကော့တီလတ်ဒ်

, updated

ဘရက်ပစ်နဲ့ ဂျိုလီ ကွဲတာ သူမကြောင့်လို့ ကောလာဟလတွေ ထွက်နေချိန်မှာ ဒီသတင်းထွက်လာခဲ့တာပါ။

play

 

ဘရက်ပစ်နဲ့ ငြိစွန်းနေတယ်လို့ စွပ်စွဲခံနေရတဲ့ ပြင်သစ်မင်းသမီး မာရီယွန် ကော့တီလတ်ဒ်ဟာ သူမရဲ့ ချစ်သူ ဂီအွန်းကန်းနက်နဲ့ ရတဲ့ ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားနေရပြီလို့ သိရပါတယ်။

play

 

မာရီယွန်နဲ့ ပြင်သစ်မင်းသား ဂီအွန်းတို့ဟာ ၂၀၀၇ ခုနှစ်ကတည်းက အတူနေခဲ့ကြတာ ဖြစ်ပြီး ၅ နှစ်အရွယ် မာဆယ်လ်ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။

"မာရီယွန် ကိုယ်ဝန်ရှိနေပြီလို့ ပါရီကလူတွေအားလုံးက သတင်းပို့ကြတယ်။ သူမ လိုချင်တာက ဂီအွန်းနဲ့ သားလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင်ရွှင်နေရဖို့ပါပဲတဲ့" လို့ သတင်းပေးက ပြောခဲ့ပါတယ်။

play

 

"ဘရက်ပစ်နဲ့ ဖောက်ပြန်တဲ့အတွက် အခု သူမ ပြဿနာတက်နေပြီလို့ လူတွေက ထင်ကြတယ်။ သူမကြည့်ရတာ အဲဒီလိုပုံစံမဟုတ်ဘူး" လို့လည်း ဆိုခဲ့ပါတယ်။

play

 

၂၀၀၇ ခုနှစ်က  La Vie en Rose ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ အသက် ၄၀ အရွယ် မာရီယွန်ဟာ ဘရတ်ပစ်နဲ့ သူမ ငြိစွန်းနေတယ်ဆိုတာ မဟုတ်ဘူးလို့လည်း သူမနဲ့ ရင်းနှီးသူတစ်ဦးက New York Post ကို ပြောကြားခဲ့ပါသေးတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ