International Celebrity: တရားရုံးကွာရှင်းခွင့် မဆုံးဖြတ်မီ မဒမ်တူးဆော့မှာ သီးခြားစီဖြစ်သွားတဲ့ ပစ်ဂျိုလီ

လန်ဒန် မဒမ်တူးဆော့ပြတိုက်မှ ပစ်ဂျိုလီစုံတွဲ ဖယောင်းရုပ်တုကို ၂၀၁၃ ခုနှစ်မှာ စတင်ပြသထားခဲ့တာ ဖြစ်ပါတယ်။

play


အန်ဂျလီနာဂျိုလီက ဘရတ်ပစ်ကို တရားရုံးမှာ ကွာရှင်းခွင့်တောင်းခဲ့ပြီး တရားရုံးက တရားဝင်ကွာရှင်းခွင့် မချမှတ်ရသေးပေမဲ့ လန်ဒန်မြို့က မဒမ်တူးဆော့ ဖယောင်းရုပ်တုပြတိုက်မှာတော့ သူတို့စုံတွဲ သီးခြားစီ ဖြစ်သွားကြပြီလို့ ဆိုပါတယ်။

play


လန်ဒန်မြို့ မဒမ်တူးဆော့ပြတိုက်က ပစ်ဂျိုလီစုံတွဲ ဖယောင်းရုပ်တုကို သီးခြားစီ ခွဲခြားထားလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ပြောကြားပါတယ်။

play


ဂျိုလီနဲ့ ဘရတ်ပစ်တို့ဟာ Mr. & Mrs. Smith ဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြကာ ၁၂ နှစ်ကြာ လက်တွဲခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်မှာ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။

play


လန်ဒန် မဒမ်တူးဆော့ပြတိုက်မှ ပစ်ဂျိုလီစုံတွဲ ဖယောင်းရုပ်တုကို ၂၀၁၃ ခုနှစ်မှာ စတင်ပြသထားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မဒမ်တူးဆော့ထဲမှာ ပစ်ဂျိုလီစုံတွဲ ဖယောင်းရုပ်တုတွေကို တစ်ခုနဲ့တစ်ခု သိသာထင်ရှားတဲ့ အကွာအဝေးမှာ သီးခြားစီ ခွဲထားလိုက်ပြီလို့ ဆိုပါတယ်။

play


ဂျိုလီနဲ့ ဘရတ်ပစ်တို့ကြားထဲမှာ Twilight မင်းသား ရောဘတ်ပတ်တင်ဆန်ရဲ့ ဖယောင်းရုပ်တုကို ပြောင်းရွှေ့ချထားလိုက်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ