International Celebrity: စီးချင်းထိုးဖို့ ပြင်ဆင်နေတဲ့ ဂျိုလီနဲ့ ငြိမ်းချမ်းရေးလိုချင်နေတဲ့ ဘရတ်ပစ်

ကွာရှင်းဖို့ကိစ္စအတွက် ဂျိုလီနဲ့ သူမအဖွဲ့က အကြိတ်အနယ်ဆွေးနွေးနေကြပါတယ်။

play

 

ဘရတ်ပစ်နဲ့ ကွာရှင်းရာမှာ အကြိတ်အနယ် ယှဉ်ပြိုင်ဖို့ အန်ဂျလီနာဂျိုလီက လျှို့ဝှက်ငှားရမ်းထားတဲ့ လော့ဆန်းဂျလိစ်က အိမ်တစ်လုံးမှာ သူမရဲ့အဖွဲ့နဲ့ စစ်ဗျူဟာတွေ ခင်းနေကြပါပြီ။

play

 

အဲဒီအချိန်မှာ ဘရတ်စ်ကတော့ ကလေးတွေအတွက် ကွာရှင်းမှုကို ပြေပြေလည်လည်ဖြစ်ချင်နေတယ်လို့ ဆိုပါတယ်။

"ဘရတ်က အန်ဂျလီနာကို အခုထိ အရမ်း အလေးထားပြီး သူ့ကလေးတွေရဲ့ မိခင်အဖြစ် လေးစာနေတုန်းပါပဲ" လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။

play

 

"ဒါပေမဲ့ သူ့ကို အရက်သောက်တယ်၊ ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တွဲဖက်သရုပ်ဆောင် မာရီယွန်ကော့တေးလက်ဒ်နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ ကောလာဟလတွေကြားတော့ အဲဒါတွေကို အရင် လျော့ပါးသွားစေချင်နေတယ်" လို့ ဘရတ်ပစ်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

play

 

ဂျိုလီနဲ့ ရင်းနှီးသူတွေက သတင်းမီဒီယာက မေးမြန်းတိုင်း ဘရတ်ပစ်ရဲ့အဆိုးလို့ ပြောနေကြပေမဲ့ ဘရတ်ပစ်ကတော့ သူ့ရဲ့ဇနီးသည်အကြောင်းကို သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက မကောင်းတာမပြောမိစေအောင် မှာထားတယ်လို့ ဆိုပါတယ်။

play

 

အဲဒီအချိန်မှာ (စက်တင်ဘာလ ၂၁ ရက်မနက်ခင်း) မှာ ဟောလိဝုဒ်ဟေးစ်မှာရှိတဲ့ သူတို့ဇနီးမောင်နှံရဲ့ခြံဝန်းထဲကို အိမ်ပြောင်းရွှေ့တဲ့ကားကြီးတစ်စီး ရောက်လာတာကို မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ