International Celebrity: ကိုယ်ဝန်ရှိနေကြောင်း ကြေညာရင်း ဘရတ်ပစ်နဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်လိုက်တဲ့ မာရီယွန်ကော့တီလက်ဒ်

ကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်သေချာသွားပါပြီ။

play

 

ထွက်ရှိတော့မယ့် Allied ရုပ်ရှင်ဇာတ်ကားထဲမှာ ဘရတ်ပစ်နဲ့ အတူ သရုပ်ဆောင်ထားတဲ့ မင်းသမီး မာရီယွန်ဟာ သူမမှာ ကိုယ်ဝန်ရှိနေကြာင်း စက်တင်ဘာလ ၂၁ ရက်က အင်စတာဂရမ်ကနေ ကြေညာလိုက်ပါတယ်။

play

 

ဒါ့အပြင် သူမက ဘရတ်ပစ်နဲ့ သူမ ဖောက်ပြန်လို့ ဘရတ်ပစ်တို့ အိမ်ထောင်ရေး ပြိုကွဲရတယ်ဆိုတဲ့ ကောလာလဟတွေကိုပါ တုံ့ပြန် ဖြေရှင်းလိုက်ပါတယ်။

"လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်ပါရစေ။ ဒါမျိုးတွေကို ကျွန်မ ဘယ်တော့မှ မဖြေရှင်းပေမဲ့ အခြေအနေက ပိုပြင်းထန်လာပြီး ကျွန်မချစ်တဲ့သူတွေကို သက်ရောက်လာတဲ့အတွက် ဖြေရှင်းရတာ ဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။

play

 

" ပထမဆုံးပြောချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်မဘ၀ဖြစ်တဲ့ ယောက်ျားတစ်ယောက်ကို တွေ့ခဲ့တယ်။ သူဟာ ကျွန်မရဲ့ လက်ရှိသားနဲ့ နောက်ထပ်ရောက်လာမယ့် ကလေးလေးရဲ့ ဖခင်ဖြစ်ပါတယ်။ သူက ကျွန်မချစ်သူ၊ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ကျွန်မလိုအပ်တဲ့ တစ်ဦးတည်းသောသူပါ" လို့ ၂၀၀၇ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူမရဲ့ချစ်သူ ပြင်သစ်မင်းသား ဂီအန်းကန်းနက်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

play

 

"ဒုတိယပြောချင်တာက ကျွန်မ အရမ်းကို ခံစားနေရတယ်လို့ ပြောနေတဲ့သူတွေကိုပါ။ ကျွန်မ အရမ်းကို နေကောင်းပါတယ်..ကျေးဇူးပါ။ လုပ်ကြံပြောဆိုမှုတွေအတွက် ဘာမှမခံစားရပါဘူး။ ထင်ရာကို စွပ်ပြောကြတဲ့ မီဒီယာတွေနဲ့ မုန်းတီးသူတွေကို အမြန်ဆုံး ပြန်လည်နလန်ထူနိုင်ပါစေလို့ ကျွန်မ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်" လို့ သူမက ဆိုပါတယ်။

play

 

"နောက်ဆုံးပြောချင်တာက ကျွန်မ တကယ့်ကို လေးစားရတဲ့ အန်ဂျလီနာနဲ့ ဘရတ်ပစ်တို့ ဒီလို အုတ်အော်သောင်းတင်းအခြေအနေကနေ ငြိမ်းချမ်းမှုကိုရှာတွေ့ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ဆိုရင်း သူမရဲ့ စာအရှည်ကြီး အဆုံးသတ်ခဲ့ပါတယ်။

Source & Photos : etonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ