International Celebrity: ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့တဲ့ အမ်မာဝပ်ဆန်

ကုလသမဂ္ဂရဲ့ နှလုံးလှသံတမန်အဖြစ် ခန့်အပ်ခံထားရသူပါ။

play

 

ဟယ်ရီပေါ်တာမင်းသမီးလေး အမ်မာဝပ်ဆန်ဟာ ငယ်ရွယ်ပေမဲ့ ထက်မြက်ထူးချွန်သူပါ။ ဒါကြောင့်လည်းပဲ ကုလသမဂ္ဂအဖွဲ့ကြီးက နှလုံးလှသံတမန် ခန့်အပ်ခြင်းကို ခံထားရပါတယ်။

play

၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ ယင်းညီလာခံအဖွင့်မှာ အမ်မာဝပ်ဆန်က မိန့်ခွန်းပြောခဲ့တာပါ။

play

 

ကုလသမဂ္ဂအဖွဲ့က အမ်မာဝပ်ဆန်ကို အမျိုးသမီးအခွင့်အရေးဆိုင်ရာ နှလုံးလှသံတမန်အဖြစ် ၂၀၁၄ ခုနှစ်မှာ ခန့်အပ်ခဲ့ပြီး သူမ လုပ်ဆောင်နေတဲ့ HeForShe ကမ်ပိန်းနဲ့ ဆက်နွယ်ပြီး အမျိုးသမီးတွေအကြောင်းကို ပြောသွားခဲ့ပါတယ်။ အမျိုးသမီးတွေဘဝ လုံခြုံစိတ်ချဖို့၊ လူ့ပတ်ဝန်းကျင်ကနေ လေးစားသမှုပြုခံရဖို့နဲ့ သာတူညီမျှအခွင့်အရေး ရရှိသင့်ကြောင်းကိုလည်း သူမရဲ့မိန့်ခွန်းမှာ လေးလေးနက်နက်ပြောသွားပါတယ်။

Source : Reuters

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ