play

 

လင်ဆေးလိုဟန်က ပြတ်ဆဲသွားပြီဖြစ်တဲ့ ခင်ပွန်းလောင်းနဲ့ ပြဿနာတွေ အကြီးအကျယ်တက်ခဲ့စဉ်က အကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီးနဲ့ ရုရှားသူဌေး အက်ဂါတာရာဘက်ဆော့ဗ်နဲ့ ပြင်းထန်လှတဲ့ ပြဿနာတွေ ဖြစ်ခဲ့ချိန်မှာ သူမရဲ့မျက်နှာကို အက်ဂါက အက်စစ်နဲ့ ပက်မှာကို စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

Channel One ရုရှားရုပ်သံနဲ့ အင်တာဗျူးတစ်ခုမှာ သူမက အခုလို ပြောပြခဲ့တာပါ။

"ကျွန်မက အိပ်ပျော်သွားချိန်မှာ သူက ကျွန်မအိမ်ထဲကို ဖောက်ထွင်းဝင်လာတယ်။ ကျွန်မလည်ပင်းကို စညှစ်တယ်" လို့ သူမက ပြောပြပါတယ်။

play

အသက် ၂၃ နှစ်အရွယ် တာရာဘက်ဆော့ဗ်ကို တရားမစွဲခဲ့သလို လင်ဆေးလိုဟန်မှာလည်း ခိုင်မာတဲ့ သက်သေတွေ မပြနိုင်ခဲ့ပါဘူး။

"အက်ဂါက ကျွန်မျက်နှာကို အက်စစ်နဲ့ ပက်မှာ ကြောက်နေခဲ့တယ်။ ဝရန်တာကို ထွက်ပြီး 'သူ ကျွန်မကို သတ်ဖို့ကြိုးစားနေပါတယ်။ ရဲကို ခေါ်ကြပါ' လို့ အသံကုန်အော်လိုက်တယ်။ အခုလို ပြောဖို့အတွက် မော်စကိုကို ကံကောင်းလို့ ရောက်လာတာပေါ့" လို့ လင်ဆေးလိုဟန်က ဆိုပါတယ်။

play

 

အက်ဂါဟာ ဒီရုပ်သံ မေးမြန်းခန်းကို လာမဖြေဖို့အတွက် လင်ဆေးလိုဟန်ကို ဖုန်းနဲ့ဆက်ပြီး တားခဲ့တယ်လို့လည်း ကြားသိရပါတယ်။

play

 

ဒါပေမဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် အက်ဂါဟာ ဂရိမှာ အပန်းဖြေနေပြီး မော်စကိုမှာ လင်ဆေးလိုဟန်ကို ဖုန်းဆက်ခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ဒါ့အပြင် အက်ဂါက လင်ဆေးလိုဟန်အပေါ် ဘာမှ နာကျင်အောင် မလုပ်ခဲ့ဘူးလို့လည်း ထိုလူက ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video