International Celebrity: ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ဘရတ်ပစ် စစ်ဆေးခံနေရ

ဆေးခြောက်သုံးပြီး အရက်သောက်ကာ ကလေးတွေကို နှိပ်စက်နေတယ်လို့ ဂျိုလီကပြောပါတယ်။

play

 

အန်ဂျလီနာဂျိုလီရဲ့ ကွာရှင်းခွင့်လျှောက်ထားမှုအပြီးမှာ ခင်ပွန်းဖြစ်သူ ဘရတ်ပစ်ကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုတွေ စတင်လိုက်ပါပြီ။ ဂျိုလီရဲ့ ကွာရှင်းခွင့်လျှောက်လွှာထဲမှာ ဘရတ်ပစ်ဟာ ကလေးတွေကို နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ နှိပ်စက်မှုတွေပြုလုပ်နေတယ်လို့ ဖော်ပြထားခဲ့တာပါ။

play

 

ဘရတ်ပစ်ဟာ အရက်သေစာသောက်စားပြီးနောက် ကလေးတွေကို ကြမ်းတမ်းစွာဆက်ဆံခြင်း၊ အော်ဟစ်ခြင်းတွေ ပြုလုပ်ခဲ့တာဟာ ဥပဒေနဲ့ ငြိစွန်းနေတာလည်းဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ် ရဲဌာနနဲ့ လော့စ်အန်ဂျလိစ်မြို့ မိသားစုနဲ့ကလေးများဆိုင်ရာအဖွဲ့အစည်းတို့က ဘရတ်ပစ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်း TMZ က ရေးသားထားပါတယ်။

play

 

ဘရတ်ပစ်နဲ့ ဂျိုလီတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အတူပေါင်းသင်းခဲ့ကြပြီး ကလေး ၄ ဦး မွေးစားထားကာ ကိုယ်တိုင်မွေးဖွားထားတဲ့ အမြွှာရင်သွေးနှစ်ဦးလည်း ရှိပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ