International Celebrity: ဘရတ်ပစ်နဲ့ ဂျိုလီ ပြဿနာအထွတ်အထိပ်ရောက်ချိန် ကလေးတွေကို ခေါ်ထုတ်ခဲ့တဲ့ ဂျိုလီရဲ့အစ်ကို

, updated

ဘရတ်ပစ်နဲ့ ကွဲသွားပြီဖြစ်ကြောင်း ဂျိုလီမကြေညာခင်မှာ အခုလို ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

အန်ဂျယ်လီနာဂျိုလီက ခင်ပွန်းဖြစ်သူ ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်မတင်မီ နာရီအနည်းငယ်အလိုမှာ အစ်ကို ဂျိမ်းစ်ဟယ်ဗင်က ကလေးတွေကို ပန်းခြံထဲကို ခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကလေးတွေနဲ့ ဂျိမ်းစ်ဟယ်ဗင် ပန်းခြံထဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ရှိလာခဲ့တာပါ။

play

 

အသက် ၄၃ နှစ်အရွယ် ဂျိမ်းစ်ဟာ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ သားသမီးအရင်းတွေ ဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် ရှီလို၊ ၈ နှစ်အရွယ် အမြွှာနှစ်ယောက်ဖြစ်တဲ့ ဗီဗီယန်နဲ့ နော့စ်တို့ကို လော့ဆန်းဂျလိစ်က ပန်းခြံတစ်ခုကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့အုပ်စုဟာ ပျော်ပွဲစားစားပွဲတစ်ခုမှာ ထိုင်ခဲ့ပြီး ဘတ်စကက်ဘောကစားခဲ့ကြပါတယ်။

play

 

ဇူလိုင်လမှာ ပစ်နဲ့ဂျိုလီရဲ့ ကလေး ၆ ယောက်စလုံးကို ဂျိမ်းစ်ကပဲ အချိန်ပြည့် ထိန်းခဲ့ရတယ်လို့ သိရပါတယ်။

play

 

အန်ဂျယ်လီနာဂျိုလီ ဇာတ်ကားတစ်ကားရိုက်နေတဲ့ ကမ္ဘောဒီးယားမှာ သူနဲ့ ကလေးတွေကို ဂျိုလီနဲ့အတူ တွေ့ခဲ့ရပါသေးတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ