International Celebrity: အင်္ဂလိပ်လိုရေးဖို့ အပြောခံရတာကို အကောင်းဆုံးတုံ့ပြန်လိုက်တဲ့ ဂျက်စီကာ

သူမက နိုင်ငံနဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူလို့ ပြောနိုင်ပါတယ်။

play

 

တောင်ကိုရီးယား အဆိုတော်မလေး ဂျက်စီကာကို အင်္ဂလိပ်လိုသာ ရေးသားဖို့ အင်စတာဂရမ်ပေါ်မှာ ပရိသတ်တစ်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

play

စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့ပုံတစ်ပုံကို ဂျက်စီကာရဲ့ အင်စတာဂရမ်ပေါ်မှာ စက်တင်ဘာ ၂၀ ရက်က တင်ထားခဲ့ပါတယ်။ ပုံနဲ့အတူ "Join me" ဆိုတဲ့စာနဲ့ ရုပ်ပြောင်ပုံလေးကိုပါ ရေးထားခဲ့ပါသေးတယ်။

play

 

ပုံအောက်မှာ ပရိသတ်တစ်ဦးက သူမကို အင်္ဂလိပ်လိုသာရေးပေးဖို့ အထပ်ထပ် အခါခါ ပြောနေခဲ့ပါတယ်။ "English plz" (ကျေးဇူးပြုပြီး အင်္ဂလိပ်လိုရေးပါ) လို့ ငါးကြိမ်တိုင်တိုင် ရေးထားတာကို ဂျက်စီကာက " ကိုရီးယားစာသင်ပေါ့" လို့ တုံ့ပြန်ရေးသားခဲ့တာဖြစ်ပါတယ်။ ကိုရီးယားလိုရေးနေတဲ့ ပရိသတ်တွေကိုလည်း သူမက ကိုရီးယားဘာသာနဲ့ပဲ ကောင်းကောင်းမွန်မွန် ပြန်လည်ပြောခဲ့ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ