International Celebrity: အဒမ်လီဗီုင်းနဲ့ ဘီဟတ်တီတို့ သမီးလေးမွေးဖွား

ဒတ်စတီရို့စ် (Dusty Rose) လို့ အမည်ပေးထားကြပါတယ်။

play

 

Maroon 5 အဆိုတော် အဒမ်လီဗိုင်းနဲ့ Victoria's Secret မော်ဒယ် ဘီဟတ်တီ ပရင့်စလူတို့ရဲ့ သမီးဦးလေးကို စက်တင်ဘာ ၂၁ ရက်မှာ ဖွားမြင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် စူပါမော်ဒယ်လေးက သူမရဲ့ပထဆုံးရင်သွေးကို လော့စ်အန်ဂျလိစ်အိမ်မှာပဲ မိသားစုဝင်တွေဝန်းရံပြီး မွေးဖွားခဲ့တာပါ။ သမီးလေးရဲ့အမည်ကိုတော့ ဒတ်စတီရို့စ် (Dusty Rose) လို့ အမည်ပေးထားကြပါတယ်။

play

 

အဒမ်နဲ့ဘီဟတ်တီတို့ဟာ ၂၀၁၄ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဘီဟတ်တီ မီးဖွားမယ့်ရက် နီးကပ်လာချိန်မှာတော့ အဒမ်က ဖျော်ဖြေရေးတွေအားလုံးရပ်ဆိုင်းကာ အနီးကပ်ပြုစုပေးခဲ့ပါတယ်။

Source : US Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ