International Celebrity: ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ အချစ်ရေးကို အဆုံးသတ်လိုက်တဲ့ ကန်ဒဲလ်နဲ့ ဟယ်ရီစတိုင်

နောက်တစ်ခါ ထပ်ပြီးပြတ်သွားပြန်ပြီလို့ သိရပါတယ်။

play

 

အသက် ၂၀ အရွယ် စူပါမော်ဒယ်မလေးနဲ့ အသက် ၂၂ နှစ်အရွယ် One Direction အဆိုတော်လေးဟာ ပြတ်သွားရာမှ ပြန်လည်အဆင်ပြေနေပြီး လော့ဆန်းဂျလိစ်မှာ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးနောက် ကန်ဒဲလ်က သူတို့အချစ်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

play

 

ဟယ်ရီရဲ့ဒရမ်မာတွေထဲမှာ ပိတ်မိမနေချင်တော့တဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဆိုတဲ့ ကန်ဒဲလ်ဟာ အသက် ၂၇ နှစ်အရွယ် ရက်ပါ A$AP Rocky နဲ့ တွဲနေပါတယ်။

play

 

ကန်ဒဲလ်ဟာ ဟယ်ရီနဲ့ ဘဝကို အတည်တကျ တည်ဆောက်ချင်ပြီဆိုတဲ့ သတင်းထွက်လာပြီး သီတင်းပတ်အနည်းငယ် အကြာမှာ ကန်ဒဲလ်က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဟယ်ရီကလည်း ကန်ဒဲလ်ကို အတည်တွဲဖို့ ချီတုံချတုံဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။

play

 

"ကန်ဒဲလ်က ဟယ်ရီနဲ့ အတည်တကျ ချစ်သူတွေ ဖြစ်ချင်တယ်။ ဒါပေမဲ့ ဟယ်ရီ့မှာ နာမည်ကျော်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားမျိုးရှိတော့ ကန်ဒဲလ်နဲ့ အတည်တကျဖြစ်ဖို့ကို အမြဲပြဿနာတွေရှိတယ်" လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။

play

 

ဘေ့စ်ဘောကစားသမား ဂျော်ဒန်ကလာ့ခ်ဆန်နဲ့လည်း နာမည်ထွက်နေတဲ့ ကန်ဒဲလ်က သူမဟာ ရည်းစားထားတာနဲ့ ပတ်သက်ရင် ရှေးရိုးဆန်ပြီး သူ့ကို တစ်စွဲတစ်လမ်းဖြစ်တာ ကြိုက်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

"ယောက်ျားတစ်ယောက်ကို အတူလျှောက်သွားဖို့နဲ့ သူ့ကို သဘောကျနေကြောင်း မပြောရဲတာမဟုတ်ဘူး။ ကျွန်မကို စွဲလမ်းတာကို ပိုသဘောကျတာပါ။ ကျွန်မကို လိုချင်တာမျိုးကို ဖြစ်ချင်တာ။ ယောက်ျားတစ်ယောက်က ကျွန်မနဲ့ အဆင်ပြေဖို့ ဘာမှ အားထုတ်စရာမလိုဘူးဆိုရင် အဲဒီဆက်ဆံရေးက အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်မအတွက် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ရှေးဆန်တယ်လို့ပဲ ဆိုချင်ဆို။ အဲဒီလိုပဲ ကျွန်မကြိုက်တယ်" လို့ ကန်ဒဲလ်က ပြောခဲ့ဖူးတာပါ။

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ