International Celebrity: ဘရတ်ပစ်ရဲ့ အိမ်ထောင်ရေးပြဿနာ ရိုက်ခတ်မှုကြောင့် အယ်လ်အေက ထွက်သွားတဲ့ ဂျနီဖာအန်နစ္စတန်

သီးသန့်ဂျက်လေယာဉ်နဲ့ ထွက်သွားတာကို မြင်တွေ့လိုက်ရပါတယ်။

play

 

ဂျိုလီနဲ့ ဘရတ်ပစ်တို့ရဲ့ ကွာရှင်းပြတ်ဆဲမှုက အရှိန်အဟုန်ပြင်းထန်လာချိန်မှာ ဂျနီဖာအန်နစ္စတန်က လော့ဆန်းဂျလိစ်က ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

ဘရတ်ပစ်ရဲ့ ပထမဇနီး ဂျနီဖာအန်နစ္စတန်ဟာ စက်တင်ဘာလ ၂၂ ရက်မှာ Van Nuys လေဆိပ်ကို ရောက်ရှိလာပြီး သီးသန့်ဂျက်လေယာဉ်ပေါ်တက်သွားတာကို တွေ့လိုက်ရပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီး ဂျနီဖာအန်နစ္စတန်ဟာ ခင်ပွန်းဟောင်းရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုအပေါ် လူသိရှင်ကြား မှတ်ချက်မပေးခဲ့ပေမဲ့လည်း ဇနီးဟောင်းတစ်ယောက်အဖြစ် လူထုရဲ့အာရုံစိုက်မှုကို ခံရနေရပါတယ်။

play

 

ဂျနီဖာအန်နစ္စတန်ဟာ ၂၀၀၅ ခုနှစ်မှာ ဘရတ်ပစ်နဲ့ ကွာရှင်းပေးခဲ့ရတဲ့အတွက် အတော်လေး ဝမ်းနည်းကြေကွဲခဲ့ရတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ် သြဂုတ်လမှာ ဂျက်စတင်သရူးနဲ့ ဒုတိယအိမ်ထောင်ထူခဲ့တဲ့ အသက် ၄၇ နှစ် အရွယ်မင်းသမီးဟာ နယူးယော့ခ်ကို ထွက်သွားတယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ