play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးတစ်ယောက် မီလန်မှာရှိုးပွဲလျှောက်အပြီး လက်ဝှေ့ပွဲပါ ထပ်နွှဲလိုက်ရပါတယ်။

play

 

ကြာသပတေးနေ့က မီလန်က Max Mara အမှတ်တံဆိပ်အတွက် ရှိုးလျှောက်ခဲ့ပြီးအပြန် လမ်းပေါ်မှာ လူတစ်ယောက်က ဂျီဂျီကို ဆွဲလားရမ်းလားလုပ်ခဲ့တာပါ။ အနောက်ကနေ ရုတ်တရက် ခါးကိုသိမ်းဖက်ပြီး ပွေ့ချီတာခံလိုက်ရချိန်မှာ ဂျီဂျီက ချက်ချင်းပဲတုံ့ပြန်ခဲ့ပါတယ်။

play

 

နှောင့်ယှက်လာသူဘက်ကို ချက်ချင်းလှည့်ကာ တံတောင်နဲ့တွတ်ပြီး ကန်ကျောက်လိုက်တာကြောင့် အမည်မသိလူဟာ ထွက်ပြေးသွားရပါတယ်။

play

 

ဒေါသထွက်နေတဲ့ဂျီဂျီက ပြေးသွားတဲ့လူနောက်ကို လိုက်ပြီးထိုးမယ်လုပ်နေလို့ သက်တော်စောင့်က တားထားရပါသေးတယ်။ ဂျီဂျီဟာ လှပကျန်းမာရုံသာမက လက်ဝှေ့ရေးလေ့ကျင့်နေကြဆိုတာကို လာနှောက်ယှက်တဲ့လူက သိပုံမရပါဘူး။

play

 

 ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး " ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့် အပြည့်အဝရှိတယ်။ ဒီငတုံးက သူစိမ်းတစ်ယောက်ကို ဆွဲလို့ရလို့များတွေးရဲသေးတယ်။ "လို့ ဂျီဂျီက သူမရဲ့တွစ်တာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video