International Celebrity: ဥပဒေဘွဲ့လိုချင်ပြန်တဲ့ ကင်မ်ကာဒါရှီယန်

ကင်မ်ကာဒါရှီယန်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ခြေရာကို နင်းချင်နေပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်က သူမရဲ့ဖခင် နာမည်ကျော် ရှေ့နေ ရောဘတ်ကာဒါရှီယန်လိုပဲ ဥပဒေပညာကို လေ့လာချင်ကြောင်း Wonderland မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"အားလုံး အေးအေးဆေးဆေးဖြစ်ပြီး အချိန်ရမယ်ဆိုရင် ဥပဒေပညာကို လေ့လာချင်တယ်။ ကျွန်မအသက်ကြီးလာရင် လုပ်လို့ရမယ့်အရာတစ်ခုအနေနဲ့ပါ" လို့ သူမက ပြောခဲ့ပါတယ်။

play

 

ဒါပေမဲ့ အထက်တန်းကျောင်းပြီးနောက် ကောလိပ်မတက်ခဲ့တဲ့ ကင်မ်အနေနဲ့ အရင်ဆုံး ကောလိပ်ဒီဂရီကို အရင်ယူရမှာဖြစ်ပါတယ်။ တကယ်တော့ ခရစ္စဂျန်နာရဲ့ သားသမီး ၆ ယောက်ထဲမှာ ကောလိပ်ဒီဂရီရတာဆိုလို့ ကော့တနီကာဒါရှီယန်တစ်ယောက်ပဲ ရှိပါတယ်။

play

 

ဒီ့အရင်ကတော့ ကင်မ်က တခြားပညာရပ်တစ်ခုကို စိတ်ဝင်စားကြောင်း ပြောခဲ့ဖူးပါတယ်။

"သေမှုစစ်စုံထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ပြီး သာမန်ဘဝမှာ နေဖြစ်မယ်ထင်တယ်" လို့ ကင်မ်က Vogue Australia ရဲ့ ဇွန်လထုတ် မဂ္ဂဇင်းမှာ ပြောခဲ့ဖူးပါတယ်။

Source & Photos : etonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ