International Celebrity: သားတွေကြောင့် ကြောက်လန့်တကြားဖြစ်ခဲ့ရတဲ့ ဘရစ်တနေစပီးယားစ်

အတော်နောက်တဲ့ ကလေးတွေပါ။

play

 

ဘရစ်တနေစပီးယားစ်က လူရှုပ်လေးနှစ်ယောက်ကို မွေးထားတဲ့သူပါ။

စက်တင်ဘာလ ၂၄ ရက်မှာ သူမရဲ့သားတွေဖြစ်တဲ့ ရှောင်နဲ့ ဂျေဒန်တို့က သူမကို ရိုက်ထားတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

"အမေ့ကို ခြောက်လှန့်မလို့။ သူ့ဖုန်းကို ခိုးထားတယ်။ သူ လျှောက်လာနေပြီ" လို့ ရှောင်ပရက်စတန် ပြောတာကို ဂျေဒန်က ဖုန်းနဲ့ ရိုက်ကူးထားပါတယ်။

ဘရစ်တနေ ထွက်လာချိန်မှာတော့ ရှောင်က အော်လိုက်တဲ့အတွက် ဘရစ်တနေမှာ အော်ဟစ်ရင်း "Preston" လို့ ခေါ်ပြီး ကြမ်းပေါ် လဲကျသွားခဲ့ပါတယ်။

play

 

ဘရစ်တနေရဲ့သားတွေရဲ့ ကျေနပ်အားရတဲ့ ရယ်သံနဲ့ ဗီဒီယိုက အဆုံးသတ်သွားခဲ့ပါတယ်။

"ကျွန်မရဲ့ ကလေးဆိုးတွေ" လို့ ဘရစ်တနေက နာမည်တပ်ပြီး တွစ်တာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

Source & Photos : etonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ