International Celebrity: အရုပ်မလေးတွေအသွင် ပြောင်းလဲသွားတဲ့ ဂျီဂျီနဲ့ဘယ်လာ

, updated

Moschino ရဲ့ ဖက်ရှင်ဒီဇိုင်းသစ်တွေကို ဝတ်ဆင်ကာ ရှိုးလျှောက်ခဲ့ပါတယ်။

play

 

အီတလီနိုင်ငံ၊ မီလန်မြို့ရဲ့ ဖက်ရှင်ရက်သတ္တပတ်မှာ အမှတ်တံဆိပ်အသီးသီးက နာမည်ကြီးမော်ဒယ်တွေကို ရှိုးလျှောက်စေကာ ကုန်ပစ္စည်းသစ်တွေ မိတ်ဆက်နေကြပါတယ်။ နာမည်ကြီးမော်ဒယ်ညီအစ်မ ဂျီဂျီဟက်ဒီးနဲ့ ဘယ်လာဟက်ဒီးတို့ကလည်း Moschino ရဲ့ SS17 ဖက်ရှင်ဒီဇိုင်းသစ်တွေကို ဝတ်ဆင်ကာ ရှိုးလျှောက်ခဲ့ပါတယ်။

play

 

ယခင်ပုံစံတွေနဲ့ မတူညီတဲ့ အပြင်အဆင်တွေကြောင့် ဟက်ဒီးညီအစ်မက အရုပ်မလေးတွေအလား အသွင်ပြောင်းသွားခဲ့ရပါတယ်။ နားရွက်ဖုံးရုံသာသာ ဆံပင်တုတွေတပ်ကာ မိတ်ကပ်ထူထူတွေ လိမ်းထားကြပုံက မြင်နေကြပုံစံတွေကနေ ကွဲထွက်နေတာတော့အမှန်ပါပဲ။

ဂျီဂျီဝတ်ဆင်ပြသခဲ့တဲ့ဝတ်စုံကလည်း ဟာသဆန်နေပါသေးတယ်။ အတွင်းခံသာဝတ်ထားတဲ့ ခပ်ပါးပါးမော်ဒယ်ကိုယ်လုံးလေးပုံစံ ဝတ်စုံကို ဝတ်ပြခဲ့ရတာပါ။

play

 

ဘယ်လာကတော့ အနက်ရောင်ပေါ်မှာ အဝါရောင်ဆေးရိုက်ထားတဲ့ ဝတ်စုံကို အဓိက ဝတ်ပြခဲ့ရပါတယ်။ ဆွဲကြိုးကြီးကြီးနဲ့ MOSCHINO ခါးပတ်ဝတ်ထားတဲ့ပုံစံ ဝတ်စုံက တော်ရုံလူဝတ်ရဲမယ်မထင်ပါဘူး။ ဒါပေမဲ့ သူမကတော့ အေးစက်စက်အကြည့်နဲ့ ယုံကြည်မှုရှိရှိဝတ်ဆင်ပြခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ