International Celebrity: ပရိသတ်တွေဆီက ဈေးကြီးတဲ့လက်ဆောင်တွေ မယူဘူးဆိုတဲ့ ပတ်ဟေဂျင်း

ပရိသတ်တွေ့ဆုံပွဲဆိုတော့ လက်ဆောင်တွေက ပေးကြမှာပါပဲ။

play

 

ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့အခါ ဈေးကြီးတဲ့လက်ဆောင်တွေ မပေးကြဖို့ သရုပ်ဆောင်ပတ်ဟေဂျင်းရဲ့ အေဂျင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပရိသတ်တွေ့ဆုံပွဲကို စက်တင်ဘာ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

play

 

"Club Jin's" အမည်ရှိ fan club ကို ပတ်ဟေဂျင်းရဲ့အမာခံပရိသတ်တွေက ဖွဲ့ထားကြတာဖြစ်ပြီး Club Jin's တစ်နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလုပ်ကြမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံက ပရိသတ်တွေကို ဟေဂျင်းက အိမ်ကိုဖိတ်ကာ အချိန်ပေးတွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

play

 

ဟေဂျင်းရဲ့အိမ်ကိုသွားလည်ရင် ကိုရီယားဝမ် တစ်သောင်း ( ၉ ဒေါ်လာခန့်) ထက် ဈေးမများတဲ့လက်ဆောင်ကိုသာ ပေးကြဖို့ ဟေဂျင်းရဲ့အေဂျင်စီကကြေညာခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ