International Celebrity: ဒမ်မီလိုဗာတိုနဲ့ ရည်းစားဟောင်း ဂျိုးဂျိုနက်စ်တို့ ဓာတ်လှေကားထဲမှာ ၄ နာရီလောက် ပိတ်မိခဲ့

ကျွန်တော်တို့ဒီမှာပိတ်မိနေတာ ၄ နာရီရှိပြီ၊ ၄ နာရီတောင်ရှိနေပြီ....

play

 

ကြာသပတေးညက ဒမ်မီလိုဗာတိုရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ရည်းစားဟောင်း ဂျိုးဂျိုနက်စ်ကို ဖိတ်ခေါ်ဖျော်ဖြေစေခဲ့ပါတယ်။ ဂျိုးနဲ့ ဒမ်မီတို့ဟာ ၂၀၁၀ ခုနှစ်က ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ဒမ်မီရဲ့ရှိုးပွဲမှာတော့ ဂျိုးဂျိုနက်စ်ရဲ့ DNCE အဖွဲ့က ဒမ်မီနဲ့အတူ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

play

 

ရှိုးပွဲအပြီးမှာတော့ ဂျိုးရဲ့ snapchat ပေါ်မှာ ဗီဒီိယိုတစ်ခု တက်လာခဲ့ပါတယ်။ DNCE အဖွဲ့သားတွေနဲ့အတူ ဒမ်မီဟာ ဓာတ်လှေကားတစ်ခုထဲမှာ ပိတ်မိနေခဲ့တာကို ရိုက်ကူးထားတာပါ။

play

 " ကျွန်တော်တို့ဒီမှာပိတ်မိနေတာ ၄ နာရီရှိပြီ၊ ၄ နာရီတောင်ရှိနေပြီ" လို့ ဂျိုးက ဗီဒီယိုထဲမှာ ပြောထားပါတယ်။ ဒမ်မီနဲ့ NCE အဖွဲ့သားတွေ ပိတ်မိတဲ့နေရာဟာ လော့စ်အန်ဂျလိစ်မြို့ထဲက အဆောက်အအုံတစ်ခုမှာလို့ ယူဆရပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ