International Celebrity: ဘရတ်နဲ့ကွာပေးဖို့ မလျှောက်ထားမီ အိမ်ကြိုငှားခဲ့တဲ့ ဂျိုလီ

သေသေချာချာ ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။

play

 

အန်ဂျလီနာဂျိုလီဟာ ခင်ပွန်းသည် ဘရတ်ပစ်နဲ့ ကွာရှင်းပေးဖို့ ရုံးတော်မှာမလျှောက်ထားမီ အိမ်တစ်လုံးကို ကြိုတင်ငှားရမ်းထားခဲ့ပါတယ်။

play

လျှောက်လွှာမတင်မီ သုံးပတ်အလိုကတည်းက ကလေးတွေနဲ့အတူ ပြောင်းလဲနေထိုင်နိုင်မယ့် အိမ်ကောင်းကောင်းတစ်လုံးကို ငှားထားခဲ့တာပါ။

play

 

ဂျိုလီ ငှားထားခဲ့တဲ့အိမ်ဟာ မာလီဘူးကမ်းခြေဒေသမှာ တည်ရှိပါတယ်။ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါ အိမ်ဟာ အကျယ်အားဖြင့် ကုဗပေ ၄၄၀၅ ပေ ကျယ်ဝန်းပါတယ်။ အိမ်ငှားရမ်းခက တစ်လကို ဒေါ်လာ ၉၅၀၀၀ ကျသင့်တယ်လို့ သိရပါတယ်။

play

 

ဘရတ်ပစ်ဟာ မူးယစ်သောက်စားပြီး ကလေးတွေကို ဒေါသတကြီးနှိပ်စက်နေလို့ ကွာရှင်းခွင့်ရလိုပါကြောင်း ဂျိုလီက စက်တင်ဘာ ၁၅ ရက်နေ့မှာ ရုံးတော်ကိုလျှောက်ထားခဲ့တာပါ။ မွေးစားထားတဲ့ သား မက်ဒေါ့စ်ကို ဘရတ်ပစ်က အော်ဟစ်ခဲ့တဲ့သတင်းဗီဒီယိုတွေကလည်း ထွက်ရှိလာခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ