AD
AD
AD
play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ ကလိုဝီမိုရက်စ်နဲ့ ကွဲသွားပြီလို့ သတင်းတွေ ထွက်နေချိန်မှာ လန်ဒန်မြို့မှာ ဂျာမန်မော်ဒယ်မလေး အန်ဒရီရန်ဂျူလီဂါနဲ့ ညဘက်အတူတွဲထွက်တာကို မြင်တွေ့လိုက်ရတဲ့အတွက် ချစ်သူအသစ်ရသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

တခြား သူငယ်ချင်းနှစ်ယောက်နဲ့အတူ လမ်းလျှောက်လာနေတဲ့ ဘရွတ်ကလင်းနဲ့ အန်ဒရီရန်တို့က ဘာကိုမှ ဂရုမစိုက်ဘဲ စိတ်အေးလက်အေးပုံစံတွေပါပဲ။

သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ခဲ့တာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလက Miss Vogue မျက်နှာဖုံးမှာ ပါဝင်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ အခုထွက်ရှိလာတဲ့ နှစ်ယောက်တွဲ လျှောက်သွားတဲ့ပုံကြောင့် ဟောလိဝုဒ်မင်းသမီး ကလိုဝီမိုရက်စ်နဲ့ ကွဲသွားပြီဆိုတဲ့ သတင်းက ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

"ဘရွတ်ကလင်းဘက်ခမ်းက အချိန်ကို လုံးဝအလဟဿအဖြစ်မခံဘူး" လို့ တစ်ဦးက တွစ်တာမှာ ရေးခဲ့ပါတယ်။

ှSource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD