International Celebrity: ဂျက်စတင်ဘီဘာ ကလပ်ထဲမှာ တိုက်ခိုက်ခံရ

အမျိုးသမီးတစ်ဦးက ဘီဘာကို ကာကွယ်ပြီး ခေါ်ထုတ်ပေးသွားခဲ့ပါတယ်။

play

 

ဂျာမနီနိုင်ငံ မြူးနစ်မြို့က HEART အမည်ရှိ ကလပ်တစ်ခုမှာ ရောက်ရှိနေတဲ့ ဂျက်စတင်ဘီဘာကို အမျိုးသမီးငယ်တစ်ဦးက စောင့်ရှောက်ပေးလိုက်ရပါတယ်။

play

 

ဘီဘာဟာ ကလပ်လူအုပ်ထဲမှာ တိုးဝှေ့သွားနေစဉ် လူတစ်ယောက်က ဘီဘာရဲ့ပခုံးကို ရုတ်တရက် ဆောင့်တွန်းလိုက်သလိုဖြစ်သွားပါတယ်။ ဆက်ပြီးတိုက်ခိုက်တော့မယ့်အခြေအနေမျိုး ဖြစ်လာစဉ်မှာ ကလပ်ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက ဘီဘာကို ကာကွယ်ပြီး ခေါ်ထုတ်ပေးသွားခဲ့ပါတယ်။

ကောင်မလေးက ကာကွယ်ခေါ်ထုတ်ပေးသွားခဲ့လို့ ဂျက်စတင်ဘီဘာ ထိခိုက်ဒဏ်ရာရသွာမျိုးတော့ မဖြစ်ခဲ့ပါဘူး။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ