International Celebrity: အရက်လုံးဝမသောက်တဲ့ ဆယ်လီ (၇) ဦး

ပါတီတွေတက်ပေမဲ့ အရက်တော့လုံးဝ မသောက်ကြပါဘူး။

play

 

တချို့ဆယ်လီတွေကို အရက်ဘီယာခွက်တွေကိုင်လျက် ကြိမ်ဖန်များစွာ တွေ့ရပေမဲ့ ဒီ ဆယ်လီ (၇) ဦးကတော့ လုံးဝမသောက်ဘဲ နေကြပါတယ်။

၁။ ကင်မ်ကာဒါရှီယန်

play

 

"ကျွန်မ အယ်လ်ကိုဟောလုံးဝမသောက်ဘူး။ ကျွန်မရဲ့အစ်မနဲ့ ညီမတွေက သောက်တယ်။ အဲဒီတော့ သူတို့မူးရင် ကျွန်မက သူတို့ကို တွဲဖို့ အမြဲရှိနေပေးရတယ်" လို့ ကင်မ်က ဆိုပါတယ်။

၂။ ဒန်နီရယ်ရက်ကလစ်ဖ်

play

 

အရက်စွဲခဲ့တဲ့ ဟယ်ရီပေါ်တာ မင်းသားဟာ အရက်ကို လုံးဝမထိတာ ၃ နှစ်ရှိပြီလို့ ဆိုပါတယ်။

၃။ ကယ်ဗင်ဟားရစ်

play

 

နိုက်ကလပ်တွေမှာ မကြာခဏဆိုလို တွေ့ရတတ်တဲ့ အသက် ၃၂ နှစ်အရွယ် ဒီဂျေ ကယ်ဗင်ဟားရစ်ကလည်း အသက် ၂၄ နှစ်ကတည်းကက အရက်မသောက်တာလို့ ဆိုပါတယ်။

၎။ ဘလိတ်ခ်လိုက်ဗလီ

play

 

"ကျွန်မ အယ်လ်ကိုဟောရဲ့အရသာကို မကြိုက်တာ။ အဲဒါကြောင့် မသောက်ဘူး" လို့ သူမက ပြောပါတယ်။

၅။ အီမီနမ်

play

 

နှစ်ပေါင်းများစွာ သောက်စားနေခဲ့ပြီးနောက် အီမီနမ်ဟာ အရက်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆေးနဲ့ အယ်လ်ကိုဟော လုံးဝမသုံးဘဲ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ် Relapse ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်ဧပြီလကတည်းက အရက်မသောက်တော့တာ ဖြစ်ပါတယ်။

၆။ အီဗာမန်းဒက်စ်

play

 

တချိန်က အရက်စွဲခဲ့တဲ့ဟောလိဝုဒ်မင်းသမီး အီဗာမန်းဒက်စ်ကလည်း ၂၀၀၈ ခုနှစ်မှာ အရက်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၇။ ဘရက်ဒလေကူးပါး

play

 

အလုပ်ကို အာရုံစိုက်ဖို့အတွက် အရက်ဖြတ်လိုက်တယ်လို့ ဟောလိဝုဒ်မင်းသား ဘရက်ဒလေကူးပါးက ပြောခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ