AD
AD
AD
play

 

ဘယ်လာဟက်ဒီးနဲ့ ဂျီဂျီဟက်ဒီးတို့ဟာ Milan Fashion Week မှာ ဖက်ရှင်ရှိုးလျှောက်ခဲ့ကြပြီးတဲ့နောက် လက်ချင်းတွဲပြီး ပြန်လာခဲ့ကြပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် ဘယ်လာဟက်ဒီးဟာ နာမည်ကြီးမော်ဒယ်ဖြစ်တဲ့ အစ်မ ဂျီဂျီဟက်ဒီးရဲ့ ခြေရာကို နင်းနိုင်သူ ဖြစ်ပြီး လျှောက်လမ်းတွေပေါ်မှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့သူဖြစ်ပါတယ်။

play

 

ဆံပင်အဖြောင့်အရှည်လေးကို ရင်ဘတ်နှစ်ခုပေါ်မှာ ချထားတဲ့ ပုံစံစင်တူနဲ့ ညီအစ်မနှစ်ယောက် လမ်းလျှောက်လာခဲ့ချိန်မှာ ဘယ်လာဟက်ဒီးက သူမရဲ့ သေးသွယ်လှတဲ့ ခါးကို လှစ်ဟလို့ ဆက်စီကျကျ ဝတ်ဆင်ထားပါတယ်။

play

 

ဂျီဂျီဟက်ဒီးဟာ ချောမောလှပတဲ့ ရုပ်ရည်နဲ့ မော်ဒယ်ကောက်ကြောင်းကြောင့် နာမည်ကြီးသလို အစ်မဖြစ်သူရဲ့ အလှအပကို မှီတဲ့ ဘယ်လာဟက်ဒီးဟာ ကျော့ရှင်းလှတဲ့ သူမရဲ့ ခန္ဓာကိုယ်အလှကို လှစ်ဟပြနေတဲ့ အဝတ်အစားရွေးချယ်မှုကြောင့် ကော်ဇောနီတွေနဲ့ မော်ဒယ်လျှောက်လမ်းတွေပေါ်မှာ တဟုန်ထိုး နာမည်တက်လာသူ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD