International Celebrity: ဘရတ်ပစ်နဲ့ အလုပ်အတူမလုပ်ချင်လို့ ရုပ်ရှင်ကားကြီးတစ်ကားကို မရိုက်တော့တဲ့ ဂျိုလီ

သူမဟာ အဲဒီဇာတ်ကားရိုက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားတာလို့ သိရပါတယ်။

play

 

ခင်ပွန်းဟောင်း ဘရတ်ပစ်နဲ့ အလုပ်အတူတွဲမလုပ်ရစေဖို့အတွက် အန်ဂျလီနာဂျိုလီက ဟောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို ဆက်မရိုက်တော့ဘူးလို့ သိရပါတယ်။

Mr & Mrs Smith နဲ့ By The Sea စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားမှာ အတူတွဲတွေ့ရတဲ့ သူတို့စုံတွဲဟာ အဲဒီဇာတ်ကားရိုက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာ ရစ်ချက်လီကီးအကြောင်း ရိုက်ကူးမယ့် အဲဒီဇာတ်ကားအတွက် ယာထားငွေက ဒေါ်လာ သန်း ၁၁၀ တောင် ရှိပါတယ်။

play

 

ယင်းရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်သူတစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးရဲ့ အပြောအရ ဂျိုလီဟာ ယင်းဇာတ်ကားမှာ မပါဝင်ချင်တော့သလို ဒါရိုက်တာအလုပ်ကိုလည်း ခဏ ရပ်နားထားမယ်လို့ သိရပါတယ်။

ဘရတ်ပစ်ကတော့ အဲဒီဇာတ်ကားကို ရိုက်ဖို့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ