International Celebrity: ပျော်ရွှင်ကြည်နူးနေကြတဲ့ ဂျနီဖာအန်နစ္စတန်တို့ ဇနီးမောင်နှံ

ခင်ပွန်းဟောင်း ဘရတ်ပစ်ရဲ့ပြဿနာတွေကို ခေါင်းထဲ ထည့်ထားပုံ မရတော့ပါဘူး။

play

 

စက်တင်ဘာလ ၂၄ ရက်ညမှာ ဟောလိဝုဒ်မင်းသမီး ဂျနီဖာအန်နစ္စတန်နဲ့ ဂျက်စတင်သရူးတို့ဟာ နယူးယော့ခ်စီးတီးမှာ ညစာအတူထွက်စားနေတာကို တွေ့ရပါတယ်။

အသက် ၄၇ နှစ်အရွယ် ဂျနီဖာနဲ့ အသက် ၄၅ နှစ်အရွယ် သူမရဲ့ခင်ပွန်းတို့ဟာ The Smile စားသောက်ဆိုင်ထဲက ထွက်လာကြပြီး ဂျနီဖာက ခင်ပွန်းသည်ရဲ့လက်မောင်းကို ဆုပ်ကိုင်လို့ ပြုံးရွှင်နေတာကို မြင်တွေ့ရပါတယ်။

play

 

သူမရဲ့ခင်ပွန်းဟောင်း ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ အိမ်ထောင်ရေးပြိုကွဲမှုဖြစ်ပေါ်နေချိန်မှာ ဂျနီဖာအန်နစ္စတန်ဟာ သတင်းသမားတို့ ပြစ်မှတ်ထား စောင့်ကြည့်ခံနေရတဲ့ သူတစ်ဦးဖြစ်နေပါတယ်။

play

 

၂၀၀၅ ခုနှစ်က ဘရတ်ပစ်နဲ့ ကွာရှင်းခဲ့တဲ့ ဂျနီဖာအန်နစ္စတန်ဟာ သူမရဲ့အိမ်ထောင်ရေး ပျက်စီးသွားခဲ့တုန်းက အတော်လေး ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်ကမှ ဒုတိယအိမ်ထောင် ထူခဲ့တာ ဖြစ်ပါတယ်။

play

 

ခင်ပွန်းဟောင်းရဲ့အရှုပ်တော်ပုံထဲမှာ ကြားညပ်မှာ စိုးရိမ်ပုံရတဲ့ ဂျနီဖာအန်နစ္စတန်ဟာ ပြဿနာများ ဖြစ်ပေါ်ရာ စက်တင်ဘာလ ၂၂ ရက်နေ့က လော့ဆန်းဂျလိစ်ကနေ နယူးယော့ခ်ကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ