International Celebrity: ဂျွန်နီဒက်ပ်ဆီက အကြံဉာဏ်တွေ တောင်းနေတဲ့ ဂျိုလီ

အိမ်ထောင်ရေးကွာရှင်းမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။

play
The Tourist ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့စဉ်။

 

အန်ဂျလီနာဂျိုလီဟာ ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်ပြီးနောက် မိတ်ဆွေဖြစ်တဲ့ ဂျွန်နီဒက်ပ်ရဲ့ အကူအညီယူနေတယ်လို့ သိရပါတယ်။

ဂျိုလီဟာ သူမရဲ့ ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးအကြောင်းကို Pirate of the Caribbean မင်းသားနဲ့ ဆွေးနွေးတိုင်ပင်နေတဲ့အပြင် ဂျွန်နီဒက်ပ် ကွာရှင်းစဉ်က ငှားခဲ့တဲ့ ရှေ့နေ လော်ရာဝက်ဆာကိုတောင် ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

play

 

"The Tourist မှာ အတူသရုပ်မဆောင်ခင်ကတည်းက အန်ဂျလီနာက ဂျွန်နီကို အထင်ကြီးလေးစားတယ်။ ပြီးတော့ သူတို့နှစ်ယောက်တွဲ သရုပ်ဆောင်တော့လည်း တကယ် အောင်မြင်ခဲ့တယ်လေ" လို့ သတင်းပေးတစ်ဦးက ပြောပြခဲ့ပါတယ်။

မကြာသေးမီကမှ အမ်ဘာဟတ်နဲ့ ကွဲကွာခဲ့တဲ့ ဂျွန်နီဒက်ပ်ဟာ ပစ်ဂျိုလီ အိမ်ထောင်ရေးပြိုကွဲရတဲ့ အကြောင်းရင်းမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့တော့ မကြားရပါဘူး။

play

 

"အဲဒီဇာတ်ကားရိုက်ပြီးကတည်းက သူတို့နှစ်ယောက်က အမြဲအဆက်အသွယ်ရှိတယ်။ ဂျွန်နီနဲ့ အမ်ဘာ ပြဿနာတွေ တက်တုန်းကလည်း ပုံမှန်စကားပြောဖြစ်ကြတယ်" လို့ ထိုသတင်းပေးက ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ